အဓိပ္ပာယ်ရှိပြီး ပတ်ဝန်းကျင် အကျိုးပြုတဲ့ သီချင်းတွေ သီဆိုချင်သူစန္ဒီမြင့်လွင်

0
230

ပရိသတ်တွေ အားပေးမှု အခိုင်အမာရရှိထားတဲ့ ဟစ်ဟော့ပ်တေးသံရှင်စန္ဒီမြင့်လွင်က ပရိသတ်တွေ အတွက် ပိုကောင်းတဲ့ သီချင်းတွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေပါတယ်။ ပရိသတ်တွေအတွက်အဓိပ္ပာယ်ရှိပြီးလေးနက်တဲ့အနုပညာမျိုးတွေကိုပဲ လုပ်ချင်နေသူပါ။ သူဖန်တီးချင်တဲ့ သီချင်းတွေနဲ့ ပတ်သက် ပြီး …

”ပုံမှန်ကလေးလိုမျိုးချစ်တာကြိုက်တာ၊ ချစ်ကွဲညားဆိုတာထက် ဒါပေမဲ့ အဲဒီအချိန်ကို ပြန်လှည့်ချင် လည်း လှည့်မယ်။ လောလောဆယ် ကတော့ အချစ်သီချင်းတော့ဆိုတော့ဆိုပါတယ်။ တစ်ခုခုအဓိပ္ပာယ် ရှိတာမျိုးပါတဲ့ သီချင်းမျိုးဆိုချင်တယ်။ ဒီးဒီ အယ်လ်ဘမ်မှာ ဆေးရောင်လှလှ မှာပဲဖြစ်ဖြစ်၊ ရှော့ခ်မှာပဲ ဖြစ်ဖြစ်၊ ကလီယိုပက်ထရာမှာပဲ ဖြစ်ဖြစ်၊ အမြဲ တမ်းတစ်ပုဒ်လောက်ကတော့ အဓိ ပ္ပာယ်ရှိတဲ့ ပတ်ဝန်းကျင်အကျိုးပြု တာပဲဖြစ်ဖြစ် ထည့်ဖြစ်အောင်ထည့်တယ်။ နောက်ပိုင်းမှာ ဒီးဒီရဲ့ ဘဝနဲ့ လည်း ပတ်သက်တယ်။ တခြားသူတွေ ရဲ့ ဘဝနဲ့လည်း ပတ်သက်တဲ့ အ ကြောင်းအရာလေးတစ်ခု ဒီးဒီမှာရှိတယ်။ အဲဒီအကြောင်းအရာကို ဒီးဒီတအားဆိုချင်တယ်။ အယ်လ် ဘမ်လုပ်ဖြစ်ရင်သော်လည်းကောင်း၊ ဒါမှမဟုတ် MTV ရိုက်ကူးရင် ပေါ့ပေါ့ပါးပါး MTV တောင်မဟုတ်ဘူး။ ရုပ်ရှင်ဆန်ဆန် ရိုက်ကူးရမှာဆိုတော့ စိတ်ထဲမှာ အဲဒါတအားလုပ်ချင်နေ တယ်”လို့ ပြောပါတယ်။ စန္ဒီမြင့်လွင်က ၅ ခွေ မြောက် အယ်လ်ဘမ်အတွက် သီချင်းတွေလည်းစုနေပါပြီ။ ဒါပေမဲ့ ဂီတဈေးကွက်မကောင်းတာကြောင့် အယ်လ်ဘမ် ထွက်ရှိဖို့ကို အဆိုတော် တွေအနေနဲ့ တော်တော်လေး စဉ်းစားနေကြပါတယ်။ သူ့အနေနဲ့က တော့ အယ်လ်ဘမ်ထွက်ရှိနိုင်ဖို့ ကြိုး စားနေတယ်လို့ဆိုတဲ့ စန္ဒီမြင့်လွင်က …

”အယ်လ်ဘမ်တစ်ချပ်လုံး ထုတ် လိုက်တာထက် သီချင်းတစ်ပုဒ်ချင်း ဆီက ပရိသတ်ဆီကို ပိုပြီးရောက်မယ် လို့ ခံစားမိတယ်။ အယ်လ်ဘမ်တစ်ချပ် လုံး ဝယ်ပြီး ပရိသတ်တွေ ကိုယ့်ကိုတန်ဖိုးထားမယ့်နေ့ကို မျှော်လင့်တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပရိ သတ်တွေချစ်လို့ အခွေတွေအများကြီး လည်း ရောင်းခဲ့ရတယ်။ သီချင်းတွေအများကြီးလည်းဆိုခဲ့ရတယ်။ ပရိသတ်တွေအတွက်ရော ကိုယ်ကိုယ် တိုင်အတွက်ရော၊ အယ်လ်ဘမ်ထွက် ဖို့အစီ အစဉ်ရှိပါတယ်။ ၅ ခွေ မြောက်ဆိုတော့ တကယ့်ကို အကျိုးပြုတဲ့ သီ ချင်းတွေ၊ အားလုံးအတွက် အကျိုးရှိ မယ့် သီချင်းတွေ ၅ ပုဒ်လောက်တော့ အခွေထုတ်ချင်ပါတယ်။ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံအောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here