အနုပညာ ဘက်မှာ မအောင်မြင်ရင်စီးပွားရေးပဲ လုပ်မယ့် မော်ဒယ်  ရှိန်းတင်ထူး

0
341

ဖေ့စ်ဘွတ်ခ်ပေါ်မှာ Tik Tok ဗီဒီယိုဖိုင်လေးတွေ တင်ပြီး နှုတ်ခမ်း နီမလေးတွေရဲ့ အသည်းကို ဆွဲ ဆောင်နေသူကတော့ မော်ဒယ် ရှိန်း တင်ထူးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးမှုရရှိထားတဲ့အပေါ် ဘယ်လိုခံစားရလဲလို့ မေးကြည့်တဲ့ အခါမှာတော့ ရှိန်းတင်ထူးက အခုလို ပြောပါ တယ်။

”ကျွန်တော် Tik Tok ဗီဒီယို လေးတွေ မတင်ခင်ကတည်းက လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်ကတည်းက အဲဒီလိုမျိုး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယို လေး တွေတင်ရတာ သဘောကျတယ်။ အဲဒီတော့ ဗီဒီယိုလေးတွေ ရိုက် တယ် ။ ပြီးရင်ကိုယ့် ဖေ့စ်ဘွတ်ခ် ပေါ်မှာ တင်တယ်။ အခုမှသာ ပရိသတ်တွေ ကြည့်ကြ လို့ ထပေါက်သွားတာပါ။ (ရယ်လျက်)။ ဒီအချိန်မှာ ပရိသတ်ရဲ့ အားပေးမှုကို ရတဲ့အတွက် တအားပျော်မိ တယ်” လို့ ပြောပါတယ်။


အနုပညာလောကမှာ မအောင် မြင်ရင် စီးပွားရေးဘက်ကိုပဲ ဦးစား ပေးလုပ်ကိုင်သွား မယ်ဆိုတဲ့ ရှိန်းတင်ထူးက…

”ကျွန်တော် ငယ်ငယ်ကတည်း က အနုပညာ လုပ်ရတာ ဝါသနာပါတယ်။ ကျွန်တော် မင်းသားတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အနုပညာလောကထဲကို ဝင်လာတယ်။ အဲဒီစိတ်ဓာတ်က ကျွန်တော် ၇တန်းလောက်မှာ ကတည်းက ဖြစ်ပေါ်ခဲ့တယ်။ ကျွန် တော် ၁ဝတန်းလည်း အောင်ပြီးရော အနုပညာ အလုပ်တွေ လုပ်တယ်။ အဲဒီအချိန်မှာ အဖေနဲ့အမေက သဘောမတူခဲ့ဘူး။ ကျွန်တော့် အဖေနဲ့ အမေကို ကိုယ်ဝါသနာပါတဲ့ အနုပညာ အကြောင်းကို ပြောတော့ နောက်ပိုင်း မိသားစုက ပေးလုပ်ခဲ့ တယ်။ ကျွန်တော် မော်ဒယ်သင်တန်း တက်ခဲ့တယ်။ ဆိုးတာက မော်ဒယ်သင်တန်း တက်ပြီးသွားတော့ ဘာဆက်လုပ်ရမလဲ မသိ တော့ဘူး။ လမ်းစလည်း မရှိဘူး။ လမ်းစ ပျောက်သွားသလို ဖြစ်သွားတယ်။ အဲဒီအချိန် မှာ ကိုထူးပိုင်ဇော်ဦးတို့ဆီမှာ Audition ဝင်ပြိုင်တယ်။ အဲဒီကနေ အလုပ် တွေ လုပ်ခဲ့ရတယ်ပေါ့နော်။ အခက်အခဲတွေ လည်း အများကြီး ရှိခဲ့တယ်။ အကောင်း ဆုံးဖြစ်အောင် လည်း လုပ်ခဲ့တယ်။ အနု ပညာအလုပ်ဆိုတာ လုပ်ချင်တိုင်း လုပ်လို့မ ရဘူး။ စန်းတွေ လိုတယ်။ တကယ်လို့ စန်း မရှိဘူးဆိုရင် ကိုယ်အနုပညာ လောက ထဲမှာ ဘယ်လိုပဲ အကောင်း ဆုံးလုပ်လုပ် သိပ်မထူးခြားနိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ကျွန်တော် အချိန်တစ်ခုထိ အနုပညာကို လုပ် မယ်။ တကယ်လို့ အနုပညာမှာ မအောင်မြင်ဘူးဆိုရင် ကျွန်တော် ပညာ ရေးပိုင်း ၊ စီးပွားရေးပိုင်းဘက်ကို ပိုပြီး ဦးစားပေးလုပ်ကိုင်မယ်။ အနုပညာ အလုပ် ကြီးကို လုံးဝမလုပ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဘက်မှာ မအောင်မြင် နိုင်ရင် တခြားဘက်မှာ အောင်မြင်အောင် ကြိုးစား မယ်’လို့ အနုပညာနဲ့ပတ်သက်ပြီး သူ့ရဲ့ ရည်မှန်း ချက်ကိုပြောပြခဲ့ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here