တေလာဆွစ်ဖ် က AMA ဆုတံဆိပ် ၂၃ ခု နဲ့ဂီတသမိုင်း သစ် ရေးထိုး

0
170

၄၆ ကြိမ်မြောက် AMA လို့ခေါ်တဲ့ အမေရိကန် ဂီတ ဆုချီးမြှင့်ပွဲကြီးကို အောက်တိုဘာလ ၉ ရက်နေ့က အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့က မိုက်ခရိုဆော့ဖ် ခန်းမဆောင်ကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကြီးမှာ ဆုတံဆိပ်တွေ ဆွတ်ခူးပြီး ဂီတသမိုင်းသစ် ရေးထိုးသွားခဲ့ သူကတော့တေလာဆွစ်ဖ်ပဲဖြစ်ပါတယ်။ သူ့ကိုတစ်နှစ်တာအကောင်း ဆုံးဂီတ အနုပညာရှင်ဆုအပါအဝင်အခြားဆုတံဆိပ်သုံးခုချီးမြှင့်ခဲ့ပါ တယ်။ အလားတူပဲ ဆုတံဆိပ်လေးခု ရရှိခဲ့သူကတော့ကျူးဘန်းအမေရိကန်ကပြားအဆိုတော်ကာမီလာ ကာဘဲယိုပဲ ဖြစ်ပါတယ်။

အခုနှစ် ၄၆ ကြိမ်မြောက် AMA ပွဲကြီးမှာ ဂီတသမိုင်းသစ် တစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ သူကတော့ တေလာ ဆွစ်ဖ်ဖြစ်ပြီး အခုဆိုရင် AMA က ချီးမြှင်တဲ့ဆုအရေအတွက် ၂၃ ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါ တယ်။ ဒီအရေအတွက်ဟာ တစ်သက်တာ အထူးချွန်ဆုံးဂီတပညာရှင်အဖြစ် သတ်မှတ်ဂုဏ်ပြုခံထားရတဲ့ AMA ဆုတံဆိပ် ၂၁ ဆုရှင် ဝှစ်တနီ ဟူစတန်ရဲ့  စံချိန်တင်သမိုင်းမှတ်တိုင်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ကြောင်းပါ။

Ref:BBC


LEAVE A REPLY

Please enter your comment!
Please enter your name here