ပရိသတ်တွေ ပိုချစ်မလားဆိုပြီးအလှပြင် ဖြစ်နေတဲ့ပိုင်ဖြိုးသု

0
484

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ လတ်တလောမှာ သူ့ရဲ့ချစ်သူ ဒါရိုက် တာဏကြီး ရိုက်ကူးထားတဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ‘မီ’ ရုပ်ရှင်ဇာတ် ကားမှာ ပိုင်ဖြိုးသုက နေတိုး၊ ရဲအောင်၊ မင်း ဦး၊ သားညီ၊ အောင်ရဲထိုက် တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားရုံတင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုက…

”မီဇာတ်ကားအတွက် သုတို့ နှစ်ယောက်စလုံး အခုအချိန်မှာ တအားလည်း ကြိုးစားပြီး တအား လည်း ရင်ခုန်နေရတယ်။ ကြိုးစား တယ်ဆိုတာ ရှေ့လထဲ ရုံတင်တော့ မှာဆိုတဲ့အခါကျတော့ Red Carpet Show လုပ်ဖို့ ဖိတ်စာတွေ ဘာတွေ ပြင်တယ်။ အဓိကကတော့ ကိုဏကြီး ပဲ လုပ်တာ များပါတယ်။ ဒါပေမဲ့ သုကတော့ ဘေးကနေပဲ ကိုယ်သိ တာလေးတွေ နည်းနည်းပါးပါး ကူညီ ဖြစ်တယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး ကတော့ စိတ်လည်း ပူတယ်။ ကြောက်လည်း ကြောက်နေကြ တယ်” လို့ ပြောပါတယ်။

‘မီ’ ရုပ်ရှင်ဇာတ်ကားမှာ ဆေး လိပ်တအားသောက်တဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ ပါဝင်ရတဲ့ ကာရိုက်တာအပေါ်မှာ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲလို့ မေးကြည့်တဲ့အခါ…

”မီ ဇာတ်ကားထဲက သူ့ကာရိုက် တာကိုက အဆုတ်မှာ တီဘီရောဂါ ရှိတယ်ပေါ့နော်။ အဲဒီခေတ်က တီဘီ ဆိုတာ ဆေးမပေါ်သေးတဲ့အခါ ကျတော့ သူက သေမှာပဲပေါ့နော်။ ကင်ဆာဖြစ်တဲ့ သဘောလိုမျိုးပဲ ပေါ့နော်။ သူက သေချင်တဲ့ အမျိုးသ မီးဖြစ်တဲ့အတွက် သူ့ဘဝကို ဖြစ်ချင် တာဖြစ်ဆိုပြီး တမင်ကို ဆေးလိပ်ကို ဖိသောက်နေတာပေါ့နော်။ ကြိုက်လို့ သောက်တယ်ဆိုတာထက် သူ့အ တွက် မကောင်းမှန်းသိရက်နဲ့ ဆရာ ဝန်က တားထားတာကို သောက်ပြီး သေချင်တဲ့ အမျိုးသမီးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားရပါတယ်။ သုက ဆေးလိပ်အနံ့ကို လုံးဝမခံနိုင် ဘူး။ ဆေးလိပ်အနံ့ရတာနဲ့ တော် တော်ကြီးကို မနေနိုင်ဖြစ်တာ။ ဒါပေမဲ့ ကိုယ်က ဒီဇာတ်ကားထဲမှာ ဆေးလိပ်တအားသောက်တဲ့ ကောင် မလေးတစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ရတာ ဖြစ်တဲ့အ တွက် တအားတော့ ကြိုးစားခဲ့တယ်။ ဇာတ်ကားလည်းပြီးရော လက်မှာ ဆေးလိပ်အနံ့တွေ စွဲနေခဲ့ရော။ အဲဒီ လောက်ထိတောင် ဖြစ်ခဲ့တယ်။ ဒါက တော့ အမှတ်တရတွေပါပဲ” လို့ ပိုင် ဖြိုးသုက ပြောပါတယ်။

ချစ်သူနဲ့ စေ့စပ်ပြီးတဲ့ အချိန်မှာ မှ အလှအပကို ပိုပြီး ဂရုစိုက်ဖြစ်နေတဲ့ အကြောင်း မေးကြည့်တဲ့အခါမှာ တော့ ပိုင်ဖြိုးသုက ”သုက တအား မိန်းကလေးမဆန်တဲ့အထဲမှာ ပါ တယ်။ အလှအပတွေကိုလည်း သိပ်မ ကြိုက်ဘူး။ ပေါက်ကျော်မလို့ ပြောလို့ ရတာပေါ့ (ရယ်လျက်)။ မိတ်ကပ် လည်း သိပ်မကြိုက်ဘူး။ မိန်းကလေး တအားဆန်တဲ့ အဝတ်အစားတွေနဲ့ဆို နေရထိုင်ရတာ အနေကျပ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အလှ အပနဲ့ပတ်သက်ပြီး ဂရုစိုက်လာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ သုက သရုပ် ဆောင်ရရင်ကို ပျော်နေတာ။ သုဘဝ ကြီး ပြည့်စုံတယ်လို့ ခံစားရတယ်။ အလှပြင်ရတာကို အမှန်အတိုင်း ဝန်ခံရရင် မကြိုက်ဘူး။ ဒါပေမဲ့လည်း ပရိသတ်တွေ ပိုချစ်မလားဆိုပြီး အလှတွေ ပြင်ဖြစ်နေတာပါ” လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here