ဒီဝါကျွတ်မှာစွံဖို့ ရှိမလားအဆိုတော် နီနီခင်ဇော်

0
248

နီနီက မထက်(Pop-Soul) ရဲ့ဖြီးလိမ်းခြယ် သမှုလေးတွေနဲ့ မင်္ဂလာသတို့သမီး ဝတ်စုံလေးကို ဝတ်ထားတဲ့ ပုံလေးတွေ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ ထက်မှာ တွေ့ရလို့ မေးကြည့်တဲ့အခါ…

”ကြော်ငြာအတွက် နီနီရိုက်ကူးဖြစ်တာပါ။ တောက်လျှောက်ပဲ အလုပ်တွေရှုပ်နေပါတယ်။ နယ်တွေ လည်းသွားရတယ်” လို့ နီနီ ခင်ဇော်က ပြောပါတယ်။ ကိုယ်တိုင်လည်း သတို့ သမီးဝတ်စုံ လေးနဲ့လိုက်ဖက်နေလေတော့ ဒီနှစ်ဝါကျွတ်မှာ နီနီ့ရဲ့ မင်္ဂလာ သတင်းကော ကြားရဖို့ရှိမလားလို့ဆိုတဲ့အခါ…

”ဒီနှစ်တော့ မကြားရသေးပါဘူး။ ကြော်ငြာရိုက်တာ တွေပဲတွေ့ရမှာပါ” လို့ နီနီခင်ဇော်ကပြောပါတယ်။ ဒီကြား ထဲမှာ နီနီခင်ဇော်အနေနဲ့ သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ် ဒိုင် အဖြစ်ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိနေပါသေးတယ်။ အဲဒီအကြောင်း နီနီ့ကိုမေးဖြစ်တော့…

”နီနီပြိုင်ပွဲမှာဒိုင်လုပ်ဖို့ရှိပါသေးတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ပြောပြလို့မရသေးလို့ပါ။Official Launch လည်းလုပ်ဦးမှာပါ။ အဲဒီအခါ ကျတော့မှ ပဲပေးသိပါမယ်” လို့ နီနီခင်ဇော်ကပြော ပါတယ်။ ကောင်းကောင်းရဲ့တတိယ တစ်ကိုယ်တော် အခွေ ထွက်ရှိလာ စဉ်မှာလာရောက်ဝန်းရံ ပေးခဲ့တဲ့ နီနီခင်ဇော်ကကောင်းကောင်းနဲ့ပတ်သက်ပြီးလည်း အချက်အလက်တချို့ကိုပြောပြပါ သေးတယ်။

”နီနီက ကိုကောင်းကောင်းရဲ့ အခွေထဲ မှာ Love ဆိုတဲ့သီချင်း လေးကို ဆိုထားပါ တယ်။ အချစ်အ ကြောင်းပါပဲ။ သူနဲ့ နီနီနဲ့က သီချင်း တစ်ခါမှတွဲမသီဆိုဖူးပါ ဘူး။ အမှတ် မထင်ဘဲ ဆိုဖြစ်သွားတာပါ။ သူ ကတော့ Melody World ကတည်းကပရိသတ်တွေ တအား ကြိုက်ခဲ့တဲ့ အဆိုရှင်တစ်ယောက်ပါ။ အသံကာလာလည်း ကောင်းပြီးသား အဆိုရှင် တစ်ယောက်ပါ။ အခုသူ့အခွေလေးကတအား နား ထောင်လို့ကောင်းပါတယ်။ နီနီကတော့တစ်ခွေ လုံးနားထောင်ပြီးသွားပါပြီ။ တအားကောင်း တဲ့အတွက် ပရိသတ်ကို လည်း နားထောင်စေချင်ပါ တယ်” လို့ နီနီခင်ဇော်ကဆိုပြီးသူ့ရဲ့သီချင်း အသစ်ကြောင်းကိုလည်း ”သီချင်းသစ်တစ်ပုဒ် ကိုဒီလကုန်မှာထွက်ပါမယ်” လို့ပြောပြခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here