တိုင်ရွန်ရဲ့စိတ်ကူးထဲကချစ်သူပုံရိပ်

0
226

တိုင်ရွန်ဆိုရင် မိန်းကလေးပရိသတ် တွေက တအားကို သဘောကျတယ်။ ဘယ်လို မိန်းကလေးမျိုးကိုတိုင်ရွန်က ချစ်သူအဖြစ်ရွေးချယ်မလဲဆိုတာကို လည်းပရိသတ်က စိတ်ဝင်စားနေကြ ပါတယ်။ တိုင်ရွန်ရဲ့စိတ်ကူးထဲက ချစ်သူပုံရိပ် အကြောင်းကို မေးမြန်း ကြည့်တဲ့အခါမှာ….

”အဓိကကတော့ စိတ်ထားကောင်းမယ့် သူမျိုးကို ရွေး ချယ်ချင်ပါတယ်။ ကိုယ့် သူငယ်ချင်း အပေါင်းအသင်း တွေနဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် မိန်းကလေးမျိုး၊ ပဲမများ တဲ့မိန်းကလေးမျိုး၊ သူငယ်ချင်းပေါင်း ပေါင်းနိုင်တဲ့မိန်းကလေးမျိုး၊ ယောက်ျားလေးပေါင်း ပေါင်းနိုင် တဲ့မိန်းကလေးမျိုးကို ရွေးချယ်ချင် ပါတယ်။ အခု လောလောဆယ်တော့ အချစ်ရေးက အေးအေး ဆေးဆေးပါပဲ။ ကျွန် တော့် ပရိသတ်တွေ စိတ်ပူနေသလိုမျိုးမဟုတ် ပါဘူး”လို့တိုင်ရွန်ကပြောပါတယ်။

သူပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိ ထုတ်လွှင့် ပြသလျက်ရှိတဲ့’မနေ့ကဖြစ်သည် ၂’ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး တော့လည်း တိုင်ရွန်က…

”မနေ့က ဖြစ်သည်က အပိုင်းတွေ အများကြီး ကျန်သေးတယ်။ ဘယ်သူတွေ ထပ်သေဦး မလဲ၊ ဘယ်သူတွေထပ်သတ်ကြမလဲဆိုတာ ပရိသတ် ကြီးစောင့်ကြည့်ပေးပါ။ လူသတ်နေ တဲ့သူက ရဲနောင်လား၊ ဦးသီဟလား၊ ခက်ခက်ခိုင် လား။ လူလိုက်သတ်နေတဲ့ ခေါင်းစွပ်နဲ့ သူရဲ့ ပုံပန်း သွင်ပြင်အနေအထားက ကျွန်တော်နဲ့ တူချင် တူမယ်။ ရဲနောင်နဲ့တူချင်တူမယ်။ ဦးသီဟနဲ့ တူချင်တူမယ်။ ဒါကို ပုံသေတွက်လို့ မရဘူး။ ဘယ်သူသတ်လဲဆိုတာ မျက် လုံး တွေမှာ အဖြေရှိတယ်။ ပတ်သက် မှုလေးတွေ ရှိ တယ်။ ပရိသတ်ကြီး ညစဉ်ညတိုင်း အမြဲ မပြတ်စောင့်ကြည့်ပေးကြပါ” လို့ ပြောပြ ခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here