ပခုက္ကူသား စာရေးဆရာ ကျော်အောင်၏ နှစ် ၉ဝ ပြည့် အညာလွမ်းချင်း အမှတ်တရပွဲ ကျင်းပ

0
507

ပခုက္ကူမြို့ရှိပခုက္ကူဦးအုံးဖေ စာကြည့်တိုက် ၌ အောက်တိုဘာလ ၉ရက်နေ့ နံနက်၉ နာရီအချိန်က စာရေး ဆရာကြီး ကျော်အောင်၏အညာ လွမ်းချင်း အမှတ်တရ စာတမ်းဖတ် ပွဲကျင်းပခဲ့ပြီး အခမ်း အနားတွင် ဆရာကြီး၏စာ အလင်္ကာ ရသ သုတ များကို ဆရာစာ ဘဏ္ဍာ မြဝင်း၊ ဆရာနေဦး မောင် (ပခုက္ကူ)၊ ဆရာ သန်းလင်း (ရွှေချောင်း) တို့ ကအသီးသီးဖတ်ကြားခဲ့သည်။

အညာလွမ်းချင်းအခမ်း အနားသို့ ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးတင့်ဆွေ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့် ဆောင်၊ အမျိုး သားလွှတ်တော်အမတ် ဦးမြမင်းဆွေ၊ ခရိုင်ပြန်ဆက်ဦးစီးမှူး ဦး ဇော်ဌေး အောင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက် တာ ခင်မောင်သန့် အမျိုးသားစာပေ ဆုရဒေါက်တာသက်လွင်တို့နှင့် ဘုတ် ကလပ်အဖွဲ့ဝင်များ၊ စာရေး ဆရာ များ၊ စာပေချစ်မြတ်နိုးသူများ၊ ပခုက္ကူဦးအုံးဖေစာကြည့်တိုက် ကော်မတီဝင်များနှင့် ရေစကြို၊ ပေါက်၊ မြိုင်မှစာရေးဆရာများ စုံညီစွာတက်ရောက်ခဲ့သည်။

စာတမ်း ရှင်၃ ဦးကိုဆရာကြီး ဦးကျော်အောင်၊ မိသားစုကိုယ်စား ဒေါ်ဖြူဖြူစံ (ပခုက္ကူမြို့နယ် သမအသင်းစု ဒါရိုက် တာ)မှ ကျေးဇူးတင်စကား ပြောကြား ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ခဲ့သည်။တက် ရောက်လာ သူများ ထဲမှ စာရေးဆရာ ဒေါက်တာ သက် လွင်၊ စာရေးဆရာ ကျော်ဝင်း ဟိန်း၊ စာရေးဆရာဖော်ဝေး၊ စာရေး ဆရာမ စိမ်းမြမြ တို့မှ အညာ လွမ်း ချင်းအမှတ်တရစကားများလည်း ပြောကြားခဲ့ကြောင်းသိရသည်။

”ပခုက္ကူမှာ ကျင်းပပြုလုပ်တဲ့ စာပေပွဲတွေထဲမှာ ဒီပွဲကအစည်ဆုံး ပဲ။ လူလည်းစုံတယ်။ စာတမ်းရှင်တွေ ဖတ်ကြားသွားတာ အားရစရာ ကောင်းတယ်”ဟု ဒေါက်တာ သက် လွင်ကပြောကြားခဲ့သည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here