အရည်အသွေးမနိမ့်တဲ့ ဇာတ်ကားမျိုးကို ဖန်တီးနေတယ် ဇဏ်ခီ

0
122

သရုပ်ဆောင် ဇဏ်ခီကတော့ သူ့ရဲ့ တတိယမြောက်ဇာတ်ကား ဖြစ်တဲ့ Now And Ever ဇာတ်ကား အတွက် Pre-Production တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ Now And Ever ဇာတ်ကားဟာ ဇဏ်ခီကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ထွက်ရှိပြီး သား ဇာတ်ကားနှစ်ကားထက် မနိမ့် တဲ့ အရည်အသွေးမျိုးနဲ့ ဖန်တီးဖို့ ရည်မှန်းချက်ထားတယ်လို့ ဆိုပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက် ပြီး ဇဏ်ခီကို မေးမြန်းကြည့်တဲ့အခါ…

”Now And Ever က ကျွန် တော်ရေးတဲ့ ဇာတ်လမ်းပါ။ ဒီကာ ရိုက်တာကို ရေးတဲ့အချိန်ကတည်းက ကျွန်တော်တို့ ထွက်ပြီးသား ဇာတ်ကားတွေထက် ပိုပြီးနက်နဲအောင် ကျွန်တော် လုပ်ထားတယ်။ ဝတ္ထုပိုင်း အရရော၊ ကာရိုက်တာပိုင်း အရရော ပေါ့။ ရေးရင်းနဲ့လည်း ကိုယ့်ဘာသာ ကိုယ်နည်းနည်း ကြောက်ကြောက်လာတယ်။ ဘာဖြစ် လို့လဲဆိုတော့လုပ်ရမယ့်အပိုင်းတွေက ခက်ခဲလာတယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်တော်နဲ့ တွဲဖက်သရုပ်ဆောင်မယ့် မင်းသမီး ကာရိုက်တာကလည်း တော်တော်ခက်တယ်လို့ ပြောလို့ရတယ်ဆိုတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးမှ စလို့ ရမှာပေါ့။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်တော့ ထွက်ပြီးသား ဇာတ်ကားနှစ်ကားစလုံးနဲ့ မနိမ့်တဲ့အရည်အသွေးတစ်ခုကို တွန်း မယ်။ ဒီထက် ပိုပြီးတော့ ကောင်းအောင်ကြိုးစားမယ်။ ပရိသတ်တွေ လည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ယုံကြည်နေတယ်”လို့ဇဏ်ခီကပြောပါတယ်။

ဇာတ်ကားအတွက် ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်နေလဲဆိုတာ ကို ဇဏ်ခီက ”လောလောဆယ် ပြင်ဆင်မှုအနေနဲ့က သရုပ်ဆောင်ပိုင်း မှာတော့ Acting Workshop က ဒီလာမယ့်လထဲမှာ စမယ်။ တခြားဟာ တွေကတော့ သူတို့ရှာနေကြတယ်လို့ တော့ ကျွန်တော် သိရတယ်။ ပြီး တော့ Production Design ကိစ္စ တွေ၊ Setting ကိစ္စတွေကို စီစဉ်နေ ကြတယ်။ ပြီးတော့ လူရွေးတဲ့ကိစ္စ လည်း မပြီးသေးဘူး။ အခုထိ လူရွေး နေကြတုန်းပဲ။ လူရွေးတာကလည်း တချို့ရတဲ့သူတွေက ရနေပြီ။ ထုတ် ဖော်ကြေညာတာတော့ မလုပ်သေး ဘူးပေါ့နော်။ ဒါပေမဲ့ တချို့တွေကျ တော့လည်း ရှာနေဆဲလူတွေလည်း ရှိနေသေးတယ်။ အဲဒါကြောင့်မို့လို့ ဖိုင်နယ်မရောက်မချင်း ဘယ်သူတွေ ဘာလုပ် မယ်ဆိုတာ မပြောလောက်သေးဘူး”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-ဖိုးဝ


LEAVE A REPLY

Please enter your comment!
Please enter your name here