ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားသူအဆိုတော်Ah-Boy

0
810

အဆိုတော် Ah-Boy ကတော့ လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့ဘဲ စီးပွားရေးတွေ လုပ်ရင်း ပျော်ရွှင်တဲ့ မိသားစုဘဝ လေးကို ပိုင်ဆိုင်ထားပါတယ်။ ဇနီး ဖြစ်သူမြတ်ရတနာကျော်နဲ့ ဘယ်လို နားလည်မှုတွေ ထားရှိဖြစ် လဲဆို တာကို Ah-Boy က …

”အဓိကကတော့ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ပဲ။ အေးအေးချမ်း ချမ်းပဲ။ သူနဲ့ ကျွန်တော့်သမီးအ ကြီးနဲ့ဆို တအားတည့်တယ်။ ဘာမှ လည်း ပြောစရာမလိုဘူး။ နားလည်မှု တွေက ဘာမှအတင်းကြီး ဆွဲယူစရာ မလိုဘူး။ အကုန်လုံး အဆင်ပြေတယ်။ ရန်ဖြစ်တာလည်း မရှိဘူး။ ဘာမှကို မဖြစ် တာ။ စကားများတာလည်း မရှိဘူး။ ပျော်ပျော်ရွှင်ရွှင်ပဲ အားလုံး အေးဆေးပဲ။ အိမ်မှာက ကျွန်တော့်တို့ မိသားစု တကယ်ကို အေးချမ်းတယ်” လို့ ပြောပါတယ်။

သမီးချောလေး ၃ယောက် ရှိတဲ့ Ah-Boy အနေနဲ့ သမီးတွေကို ဖြစ်ချင်တာတွေ ဖြည့်ဆည်းပေးဖို့ စဉ်းစားထား တယ်လို့လည်း ဆိုပါ တယ်။

”အဓိကကတော့ ကျွန်တော့် သမီး ၃ ယောက်လုံးကိုတော့ ကျွန်တော်က သူတို့ ဖြစ်ချင်တဲ့အ ရာကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေ တယ်။ နောက်တစ်ခုက ဘာလုပ်ရ မယ်၊ ဘာဖြစ်ရမယ်ဆိုတာ ကျွန်တော့်မှာ မရှိဘူး။ သူတို့ ဘာလုပ်ချင် လဲ၊ ဖြစ်ချင်တာလေးကို ဖြည့်ဆည်းပေးဖို့ပဲ။ ကျွန်တော်က အဲဒီလိုလေး စဉ်းစားထားတယ်။ မိသားစုကလည်း ကျွန်တော်တို့ အားလုံးနဲ့ အေးဆေးပဲ။ အကုန်လုံး နဲ့လည်း စကားပြောတယ်။ အပြင်မှာ လူတွေ ထင်တာတော့ တစ်မျိုးပေါ့ နော်။ ကျွန်တော့်ရဲ့ သမီးတွေ စကား မပြောဘူးဆိုပြီး သတင်းတွေ ထွက် နေကြ တယ်။ အမှန်တော့ အဲဒီလို မဟုတ်ဘူး။ ကျွန်တော်တို့ သမီးတွေ နဲ့အတူနေတာ။ ကျွန်တော့်သမီး အလတ်ပဲ ဟိုဘက်အိမ်မှာ နေတာ ပေါ့နော်။ အလတ်လည်း အိမ်မှာ လာရင် အကုန်လုံးနဲ့ အဆင်ပြေ တယ်။ အေးအေးချမ်းချမ်းပါပဲ” လို့ Ah-Boy က ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here