ပရိသတ်အတွက်အနုပညာအလုပ်တွေကိုကြိုးစားပြီးလုပ်နေတယ်စူးရှထက်

0
229

မော်ဒယ်လ် စူးရှထက်ကတော့ လတ်တလောမှာ ကြော်ငြာတွေနဲ့   တွေ ရိုက်ကူး ဖြစ် နေတယ်လို့ သိရပါတယ်။ ပရိသတ် အတွက် အနုပညာအလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင်နေတယ်ဆိုတဲ့ စူးရှထက်က …

”ညီမ အနုပညာအလုပ်တွေ လုပ်ဖို့ အများကြီးရှိပါတယ်။ ညီမကို အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ညီမ အနုပညာ နဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို အကောင်းဆုံးချပြနိုင်အောင် ကြိုး စားနေတယ်။ အဲဒီအတွက်လည်း အားပေးကြပါဦး”လို့ ပြောပါတယ်။

စူးရှထက်ဟာ မိဘကို သိတတ် လိမ္မာစွာ လုပ်ကျွေးပြုစုနေတဲ့ သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ မိသားစုအပေါ် ပြုစုစောင့်ရှောက်ဖြစ် ပုံကိုလည်း စူးရှထက်က

”ညီမအလုပ်လုပ်လို့ရတဲ့ အချိန်ကနေပြီးတော့ အခုချိန်ထိ မိသားစုကို ထောက်ပံ့ တယ်။ မိဘကို ရှာကျွေးတယ်။ ကိုယ့် ရဲ့ တတ်နိုင်တဲ့ အနုပညာကြေးလေးနဲ့ မိသားစုကို အဆင်ပြေအောင် ထား ချင်တယ်။ တင့်တင့် တယ်တယ်လေးနဲ့ မိဘကိုထားတဲ့အတွက် ညီမလည်း စိတ်ချမ်းသာတယ်။ မိဘတွေကိုလည်း အမြဲတမ်း လိုလေသေးမရှိအောင် ပြု စုစောင့်ရှောက်မယ်။ ဒါကိုယ်လုပ်နိုင် တဲ့အရာတစ်ခုပဲ။ ကိုယ်လည်း တစ် ချိန်ကျရင် မိခင်နေရာ ရောက်လာမှာ ဖြစ်တဲ့အတွက် ကိုယ့်ကို မွေးထားတဲ့ အမေ့ကို ကိုယ်ချင်း စာနိုင်တယ်။ အဲဒီအတွက်လည်း အခုအချိန်မှာ အမေနဲ့ အဖေကို စိတ်ချမ်းသာအောင် ထားချင်တယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here