နိုင်ငံတော်အပေါ် အကျိုးပြုမယ့်ကားတွေ ရိုက်ချင်တဲ့ ဒါရိုက်တာ ဝိုင်း

0
160

‘သမ္မတကြီးထံပေးစာ’ ရုပ်ရှင်ဇာတ်ကားဟာပရိသတ်တွေကြားထဲမှာ ရေ ပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကား ရုံတင်ပြသဖို့ကို လည်း ပရိသတ်တော်တော်များများ စောင့်မျှော်နေကြပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာက ဒါရိုက်တာဝိုင်းဖြစ်ပြီး သူဟာရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှန်သမျှ ပရိသတ်ရဲ့စိတ်ထဲတစ်ခုခု ကျန်ရစ်နေမယ့် ဇာတ်ကားမျိုးကိုပဲရိုက်ကူး နေတဲ့သူဖြစ်ပါတယ်။ သမ္မတကြီးထံပေးစာရုပ်ရှင်ဇာတ်ကားစ တင်ရိုက်ကူးဖြစ်ပုံနဲ့ပတ်သက်ပြီးဒါရိုက်တာဝိုင်းက ”ကျွန် တော်တို့ ဒီဇာတ်ကားလေးကို အများကြီးကြိုးစားထားပါတယ်။ လိုအပ်ချက်တွေလည်းရှိမှာပါ။ ကျွန်တော်ဒီဇာတ် ကားလေးကို ရှုံးရင်ရှုံးပြီလို့ပြောခဲ့တယ်။ အဲဒါဟာ ပထမ တစ်ချက်ကတော့ ကျွန်တော့်အနုပညာတင်မဟုတ်ဘူး။ ကျွန်တော့်ရဲ့နောက်မှာ ဖန်တီးမယ့်လူငယ်တွေ မျိုးဆက်တွေအများကြီးရှိပါတယ်။ အဲဒီမျိုးဆက်တွေဟာ ကျွန်တော်တို့ထက်ပိုပြီးတော့ ကောင်းမွန်တဲ့ လွတ်လပ်တဲ့ နိုင်ငံအပေါ် အကျိုးပြုစေမယ့် လူတွေပေါ်ကို အကျိုးပြုစေမယ့်ဇာတ်ကားတွေ ကျွန်တော်ရိုက်ကူးစေချင်ပါတယ်။ အဲဒီလိုရိုက်ကူးဖို့အတွက် ဒီလိုဇာတ်ကားမျိုး အောင်မြင်မှသာလျှင် ထုတ်လုပ်မယ့်သူက ရင်းနှီးမြှုပ်နှံ ချင်မှာပါ။ ဒါကြောင့်မို့ ကျွန်တော်ဒီပွဲကို မရှုံးချင်ဘူးလို့ ပြောတာပါ။ နောက်တစ်ချက် ကျွန်တော်ဒီဇာတ်ကားမှာ ပေးထားတဲ့ သင်ခန်းစာက ဒီဇာတ်ကားမှာသိသင့်တဲ့ စကားလုံးတွေကို ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ လူတော် တော်များများကို သိစေချင်တယ်။ လူသန်း ၅ဝ ရှိရင် သန်း ၅ဝ လုံး သိစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီစနစ်ကို ဖြတ်သန်းခဲ့ရတာ။ ဒီမတရားမှု တွေကဖြတ်သန်းခဲ့ရတာ။ ဒါတွေကို ကျွန်တော်တို့ မရရအောင် တရားမျှတမှုဆိုတဲ့ လမ်းကြောင်းပေါ် တွန်းလှန်နိုင်မှ ကျွန်တော်တို့ ဘဝတွေငြိမ်းချမ်းမယ်ဆိုတာ သိစေချင်လို့ဒီဇာတ်ကားလေးကို အားလုံးကိုကြည့်စေချင်တာပါ။ အဲဒီအတွက်လည်း အကောင်းဆုံးကြိုးစားထားပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here