စံပြသဘင်မှာ ဟန်ဇာမိုးဝင်းနဲ့အတူ တင်ဆက်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်း

0
333

လူရွှင်တော်တစ်ဦးအဖြစ်ရပ်တည်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်းက ဒီနှစ် မှာတော့ ဟန်ဇာမိုးဝင်းရဲ့ စံပြသဘင်အဖွဲ့မှာ ပါဝင်ဖျော်ဖြေတင်ဆက်နေပါ တယ်။ သူကသူ့အဖွဲ့ဖြစ်တဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့နဲ့လည်း ပွဲတွေက ပြလေ့ရှိသလို တစ်ကိုယ်တော်အနေနဲ့လည်း အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတာတွေလည်းရှိပြန်ပါတယ်။ ဟန်ဇာမိုးဝင်းရဲ့ စံပြသဘင် မှာတော့ ယခင်ကလည်းကြိုးကြားကြိုးကြားအနေနဲ့ သီချင်းတွေ သွား ရောက်သီဆိုပေးခဲ့ဖူးပါတယ်။ အခုနှစ်မှာတော့ ပင်တိုင်သဘောအဖြစ် ဟန်ဇာမိုးဝင်းနဲ့အတူ စံပြပရိသတ်ကြီးကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။

”နောက်နှစ်တွေလည်းစံပြသဘင်နဲ့ပဲရှိနေမှာပါ။ ကျွန်တော့်ကိုလည်း အား ပေးကြပါ။ ဘက်ပေါင်းစုံကဏ္ဍပေါင်းစုံကနေ ကျွန်တော့်ကိုမြင်နေရမှာပါ။ မေတ္တာရွှေစင်အငြိမ့် အဖွဲ့မှာလည်းမြင်ရမှာပါ။ အဓိကတော့ စံပြသဘင်မှာ မြင်ရမယ်”လို့ မေတ္တာမြင့်မြတ်ဟိန်းကပြောပြပါတယ်။ သူဟာလူရွှင်တော်ကြီး ဦးမေတ္တာရဲ့သားတစ်ဦးဖြစ်တဲ့အတွက်လည်း အဖေ့မျက်နှာမပျက်ရအောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here