၂ဝ၁၈ ခုနှစ် BET ဟစ်ဟော့ပ် ဂီတ ဆုပေးပွဲမှာဆုလေးဆုရရှိသွားသူ ကာဒီဘီ

0
251

Black Entertainment Television လို့ခေါ်တဲ့ BET ဟစ် ဟော့ပ်ဂီတဆု ချီးမြှင့်ပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်က ဂျက်ကီဂရီယာဆန် ခန်းမကြီးမှာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါ တယ်။

ချီးမြှင့်ခဲ့တဲ့ ဆုအမျိုးအစားတွေက တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု၊ အကောင်း ဆုံး မျက်နှာသစ် ဂီတသမားဆု၊ အကောင်းဆုံး ဟစ်ဟော့ပ် ဗီဒီယိုဆုအပါအဝင် ဆုပေါင်း ၁၇ ဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂ဝ၁၈ ခုနှစ်အတွက် ဆုလေးဆုဆွတ်ခူးပြီး အောင်ပွဲခံ သွားသူကတော့ ဟစ်ဟော့ပ်ကြယ်ပွင့် ကာဒီဘီပဲဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော် ဒရိတ်၊ ဘီယွန်ဆေး၊ ဒီဂျေခါလက်နဲ့ xxx Tentacion တို့ လည်း ဆုတွေ ဆွတ်ခူးခဲ့ကြပါတယ်။

BET ဆုကို လွန်ခဲ့တဲ့ ၁၇ နှစ် ကာလ ၂ဝဝ၁ ခုနှစ်ကစတင်ပြီး နှစ်စဉ် ချီးမြှင့်ခဲ့ တာဖြစ်ပါတယ်။ ဆုရဲ့ အဓိက ဦးတည်ရာကတော့ အမေရိ ကန်နွယ်ဖွား အာဖရိကန် ဟစ်ဟော့ပ်ဂီတသမားတွေအတွက် သီးသန့် ရွေးချယ်ချီးမြှင့်တဲ့ ဆုပဲဖြစ်ပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here