သမီးငယ်လေး ရာနီရို့စ်နဲ့ အစ်ကိုကြီး ရိုက်ဒါတို့ရဲ့ပုံ အင်စတာ ဂရမ်ပရိသတ် အကြိုက်တွေ့

0
134

မင်းသမီး ကိတ်ဟဒ်ဆန်နဲ့ ဂီတပညာရှင် ဒန်နီဖူဂျီ ကာဝါတို့ရဲ့ သမီးလေး ရာနီရို့စ်ကို ပြီးခဲ့တဲ့ သီတင်း နှစ် ပတ်ကျော်ကမွေးဖွားခဲ့ကြပါတယ်။ တစ်ပြိုင်နက်တည်း သမီးလေးရဲ့ဓာတ်ပုံကိုလူမှုကွန်ရက်ပေါ်မှာ တင်ပြီး ပရိသတ်ကိုပြခဲ့ပါတယ်။

အခု သမီးလေးဓာတ်ပုံအသစ် တစ်ပုံထပ်ပြီး တင်လိုက်ရာက ပရိသတ်အများက ဝိုင်းပြီးသြဘာပေးနေ ကြတယ်လို့ သိရပါတယ်။ ဒီတစ်ခေါက်ပုံကတော့ ထင်မှတ်မထားတဲ့ ပုံတစ်ပုံပါ။ အကြောင်းက အစ်ကို ကြီးဖြစ်သူ ရိုက်ဒါရောဘင်ဆန်က သူ့ညီမလေး ရာနီကိုပွေ့ချီပြီး ချော့မြူနေတဲ့ပုံတွေပဲဖြစ်ပါတယ်။ ဒီပုံ ကြောင့် ပရိသတ်တွေ ရင်ထဲကြည်နူး ပျော်ရွှင်မှုတွေ ကူးစက်စေခဲ့တယ်လို့ လူမှုကွန်ရက်တွေမှာ ပြောဆိုရေး သားနေကြပါတယ်။

ရိုက်ဒါရော်ဘင်ဆန်ဆိုတာက ကိတ်ဟဒ်ဆန်ရဲ့သား အကြီးဖြစ်ပြီး အရင်ခင်ပွန်းဟောင်း ခရစ်ရော်ဘင် ဆန်နဲ့ရတဲ့ သားပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရိုက်ဒါက အသက် ၁၄ နှစ်အ ရွယ်ရှိနေပါပြီ။

အခုမွေးကင်းစ သမီးလေးရဲ့ အမည်က Rani Rose Hudson Fujkawa လို့ မှည့်ခေါ်ထားတာ ကြောင့် မိခင်၊ ဖခင်နာမည်တွေ ပါနေတာမို့ ပရိသတ်တွေကြား ထူး ထူးဆန်းဆန်းတွေ ပြီးခဲ့တဲ့ သီတင်း ပတ်ကပဲ လူမှုကွန်ရက်ပေါ် တက်လာခဲ့ပါသေးတယ်။ အခုတော့ ရိုက် ဒါနဲ့ သမီးလေးအကြောင်းပဲ ပရိသတ် က ပြောနေကြတော့တယ်လို့ သိရပါတယ်။

Ref :Dailymail


LEAVE A REPLY

Please enter your comment!
Please enter your name here