YNK နဲ့ စာချုပ်ကိုLee Jong Sukရပ်ဆိုင်း

0
156

မင်းသား Lee Jong Suk က YNK Entertainment နဲ့ စာချုပ်ကို ပြီးခဲ့တဲ့တစ်ပတ်က ရပ်ဆိုင်းခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က မင်းသား Lee Jong Suk က သူ့ရဲ့ အေဂျင်စီအသစ်နဲ့ စာချုပ်ရပ်ဆိုင်းခဲ့တာကို Star News ကနေကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက မင်းသားဟာ YG Entertainment နဲ့ လက်တွဲဖြုတ်ခဲ့ပြီး YNK Entertainment နဲ့ လက်တွဲခဲ့ပါတယ်။

စာချုပ်သက်တမ်း ၅ လသာ ရှိသေးပေမယ့် သဘောထားခြင်း မတိုက် ဆိုင်တာကြောင့် အခုလို လက်တွဲဖြုတ်ခဲ့တာပါ။

မကြာသေးခင်က ၂ဝ၁၉ ခုနှစ်မှာ စတင်ပြသ တော့မယ့် tvN ရဲ့ “Romance is a supplement” ဇာတ်လမ်းတွဲမှာ မင်းသား က ပါဝင်ဖို့ အတည်ပြုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here