အကယ်ဒမီ (၇)ဆု၇ှင်ပြောပြတဲ့သူတို့ခေတ်က ရုပ်ရှင်လောက

0
187

အကယ်ဒမီ ၇ ဆုရှင် ဦးညွန့် ဝင်းက အခုအသက်အရွယ်အထိ အနုပညာနဲ့ ပတ်သက်လို့ လုပ်ချင်ကိုင်ချင်စိတ်တွေရှိနေတုန်းပဲဖြစ်ပါတယ်။ အောက်တိုဘာ၁၃ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သက် ပူဇော်ပွဲ ကိုလည်း ကန်တော့ခံပုဂ္ဂိုလ်အနေနဲ့ တက်ရောက်ခဲ့ပြီး အရင်တုန်းက အတူတူသရုပ်ဆောင်ခဲ့ကြတဲ့ မင်း သားကြီးတွေ၊ မင်းသမီးကြီးတွေနဲ့ စကားတွေပြောမဝနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင်ဦးညွန့်ဝင်းနဲ့တွဲဖက်ညီခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီးဒေါ်အေးအေးသင်းလည်း သက်ကြီးပူဇော်ပွဲကိုတက်ရောက်ခဲ့ တဲ့အတွက် သူတို့သူငယ်ချင်းနှစ်ဦးက တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နှုတ်ဆက် နေကြပုံကို မြင်တွေ့ရတာ သိပ်ကို ကြည်နူးဖို့ကောင်းခဲ့ပါတယ်။ဦးညွန့် ဝင်းက တစ်ခါကအင်တာဗျုးဖြေခဲ့ ဖူးပါတယ်။ဒါကတော့သူ့အနေနဲ့ အကယ်ဒမီ နောက်ထပ်တစ်ဆု ထပ်လိုချင်သေး တယ်လို့ ဖြေကြား ခဲ့တာပါပဲ။ ဒါကို ကြည့်ခြင်းဖြင့် သူ့ရဲ့အနုပညာအ ပေါ်ထားတဲ့ ချစ်စိတ်မြတ်နိုးစိတ်ကို အထင်းသား တွေ့ မြင်ရမှာပဲဖြစ်ပါ တယ်။


”ကြိုးတော့ကြိုးစားတာပါပဲ။ လူဆိုကလည်း ကိုယ်ခန့်မှန်းထားတဲ့အတိုင်းဖြစ်ချင်မှဖြစ်တာလေ။ ၇ ဆု ရတာပဲတော်တော်လေး ရသွား တာပေါ့။ ကံကောင်းတာလည်းပါ တာပေါ့။ ၈ ဆုရအောင်တော့ မသေ မချင်းတော့ကြိုးစားရမှာပေါ့လေ။ ကိုယ်လုပ်ခွင့်ရရင်လုပ်မယ်ပေါ့။ ကျွန်တော်က ကျန်းမာရေးထိခိုက်မှာ ထက်ရုပ်ရှင်ထိခိုက်မှာကို ပိုစိုးရိမ် တယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင်တော့…

ကျွန်တော်လုပ်ရင်လုပ်မယ်။ ကျွန် တော်ကဇာတ်ကတော့ ဒရာမာ ပဲကြိုက်ပါတယ်” လို့ အလင်္ကာကျော် စွာ ရွှေမန်းဦးတင်မောင်ရဲ့ ၉၉ နှစ်ပြည့်မွေးနေ့ အမှတ်တရအနေနဲ့…

နေအိမ်မှာ အလှူပြုလုပ်ခဲ့စဉ်က ပေါ်ပြူလာဂျာနယ်ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပဲ ဖြစ်ပါ တယ်။

ဒါ့အပြင် ဦးညွန့်ဝင်းက လူငယ် တွေ ကိုပြောကြားခဲ့တာကတော့ လူငယ်တွေအနေနဲ့ အနုပညာနဲ့ ပတ်သက်လို့ လေ့လာစရာ အခွင့် အရေးတွေ အများကြီးရှိပြီး သူတို့ တုန်းကတော့ ဘာမှအခွင့်အရေး မရရှိခဲ့ဘဲ ကိုယ်လုပ်ချင်တာ ကို လုပ်ခွင့်မရခဲ့ကြောင်း၊ အခုခေတ်မှာ တော့ ကိုယ်လုပ်ချင်တာ ကိုယ် လုပ်ခွင့်ရပြီဖြစ်ကြောင်း၊ ပညာစွမ်းရှိ သလောက်ကို ပြလို့ရမှာပဲဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဦးညွန့်ဝင်းရဲ့ မြစ်တစ်ဦးဖြစ်တဲ့ မင်းရွှေ ရောင်တင် ကလည်း အနုပညာအ ရည်အသွေး ပြောင်မြောက်ရုံသာမက အသက် ငယ်ငယ်မှာပဲ ပရိသတ်တွေရဲ့ချစ် ခြင်းမေတ္တာကိုရရှိထားသူတစ်ဦး လည်းဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here