ဇာတ်သဘင်အဖွဲ့များ တည်ထောင်ခွင့် ပြုလုပ်ခြင်းကိုရက်တိုးမြှင့်သတ်မှတ်ရခြင်းအကြောင်းမြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဖိုးချစ်ပြောပြ

0
381

ယခုနှစ်သဘင်ရာသီအတွက် သဘင်အဖွဲ့များ တည်ထောင် ခြင်းနဲ့ပတ်သက်ပြီး လျော့နည်းလာခြင်း တိုးတက်လာခြင်း အပေါ်မှာ သုံးသပ်မှုများကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က…

”ကျွန်တော်တို့ရုံးမှာ တည်ထောင်ခွင့်ကာလ မပိတ် သိမ်း သေးတဲ့အတွက် အတိအကျမပြောနိုင်သေးပါဘူး။ သဘင် တည်ထောင်ခွင့်တွေ အပေါ်မှာ တိုးတက်ခြင်း ဆုတ်ယုတ် ခြင်း သုံးသပ်တာကို ကျွန်တော့်အနေနဲ့ လက်မခံပါဘူး။ဘာလို့လဲဆိုတော့ အစည်းအဝေးတွေမှာ ကျွန်တော်အမြဲ ပြောတယ်။ သဘင်လောကသားပညာရှင်တွေ၊ သဘင်နဲ့အသက် မွေး ဝမ်းကျောင်းပြုနေသူများအနေနဲ့ ဘဝရပ်တည်မှု အဆင်ပြေပြီး ကျွန်တော် တို့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ရိုးရာ ယဉ်ကျေးမှု ကိုထိန်း သိမ်းမြှင့်တင်ဖော်ထုတ်ရမယ့်တာဝန်ပေါ့နော်။ ဒါကတော့ ကိုယ်ပိုင် စီးပွားရေးပဲလုပ်လုပ်ဘာပဲလုပ်လုပ် ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိ ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အပေါ်မှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင် အနုပညာတွေဖြစ်တယ်။ သဘင်နဲ့ အသက်မွေး ဝမ်းကျောင်းပြုတဲ့ ကျွန်တော်တို့မှာ ပိုပြီးတာဝန်ရှိ တယ်။ တည်ထောင်ခွင့်တွေ နည်းလာခြင်း များလာခြင်း အရေအတွက်နဲ့ သတ်မှတ်မယ့်အစား အနုပညာအရဘယ်လောက်ထိန်းသိမ်းနိုင်သလဲ ဘယ်လောက် အထိ ကျွန်တော်တို့ဟာ ဇာတ်ကဇာတ်နဲ့တူပြီလား၊ ဆိုင်းက ဆိုင်းနဲ့ တူပြီလား ကျွန်တော် တို့ရဲ့ရိုးရာယဉ်ကျေးမှုသန္ဓေမပျောက်ဘဲ ဘယ်လောက်ထိ ဖျော်ဖြေနိုင်လာသလဲ၊ ထိန်းသိမ်းနိုင်လာ သလဲဆိုတာကို ကျွန်တော့်အနေနဲ့ တန်ဖိုးတစ်ခု အောင်မြင်မှုတစ်ခု အဖြစ်သတ်မှတ်ချင်ပါတယ်” လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ဆိုပါတယ်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးက သဘင် အဖွဲ့များ၏တည်ထောင်ခွင့်ပြုလုပ်ခြင်းအား နှစ်စဉ် သီတင်းကျွတ်လကွယ်နေ့ နောက်ဆုံးထား ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ယခုနှစ် သဘင်ရာသီ (၂ဝ၁၈-၂ဝ၁၉) မှာသဘင်အဖွဲ့များ ရင်ဆိုင်နေရတဲ့ အခက်အခဲအခြေအနေတွေကြောင့်သဘင်တည်ထောင် ခွင့်ပြုလုပ်ခြင်းများကို နတ်တော်လကွယ်နေ့ (၅.၁.၂ဝ၁၈) အထိ တိုးမြှင့်သတ်မှတ်ထားကြောင်းသိရှိရပါတယ်။

 

ချမ်းသာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here