ဖေဖော်ဝါရီလထဲမှ သြစတြေးလျ ပြန်မယ့် ယွန်းဝတီလွင်မိုး

0
277

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး ယွန်းဝတီ လွင်မိုးဟာ သြစတြေးလျမှာ ကျောင်းတက်နေရာကနေ လတ်တလောမှာ မြန်မာနိုင်ငံကိုခေတ္တပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ သားလေးတစ်ယောက်လည်း မွေး ဖွားပြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက သြစတြေးလျကိုပြန် ပြီး ကျောင်းတက်ဦးမှာဖြစ်တဲ့အတွက် ဘယ်အချိန် ပြန်ဖြစ်မလဲဆိုတာနဲ့ ရန်ကုန်မှာရှိတဲ့အချိန် အနု ပညာအလုပ်တွေ လုပ်သွားဦးမလားဆိုတာ မေး ကြည့်တဲ့အခါမှာတော့ …

”ဖေဖော်ဝါရီလမှာ သြစတြေးလျ ကို ပြန်ပြီးကျောင်းပြန်တက်မှာပါ။ ဒီမှာရှိတဲ့ အ ချိန်မှာတော့ အနုပညာအလုပ်တွေ၊ ကြော်ငြာတွေ ဆက်တိုက်ရိုက်ဖြစ်သွားမှာပါ။ အခုတော့ သား လေးကို ဖေဖေကနို့ဘူးတိုက်နေရတယ်။ မေမေက ချော့သိပ်နေရတာပေါ့။ ဖေဖေ မေမေတို့အတွက် လည်း အလုပ်တွေပိုသွားပြီပေါ့။ အခုသားလေးက လည်း ၃ လပြည့်တော့မယ်ဆိုတော့ ပျော်ရွှင်ရပါ တယ်”လို့ ပြောပါတယ်။


ယွန်းဝတီလွင်မိုးကတော့ အောက် တိုဘာလ ၂၁ ရက်နေ့မှာ အသက် ၂ဝ ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မွေးနေ့မှာမွေးနေ့ဆုတောင်းတွေ၊ Birthday Suprise တွေနဲ့ ပျော်ရွှင်ခဲ့ရပြီး ညဘက်မှာ တော့ ရွှေတိဂုံဘုရားမှာ ဆီမီး ၃ဝဝဝ ကပ်လှူပူဇော်ခဲ့ပါ တယ်။ အသက် ၂ဝ ပြည့်မွေးနေ့မှာ သူ့ရဲ့သားလေးနဲ့ အတူ ပထမဦးဆုံးဖြတ်သန်းခွင့်ရတဲ့အတွက် ပျော် ရွှင်နေမိတဲ့အကြောင်းကိုလည်း ယွန်းဝတီလွင် မိုးက ”ညီမ ဒီနေ့ကအသက် ၂ဝ ပြည့်တာ ပါ။ သားလေးတစ်ယောက်ရတော့ အရင်တုန်းကနဲ့ ဘယ်တူပါ့မလဲ။ ပျော် တာပေါ့။ ပြီးတော့ ဒီနှစ်ကလည်း အ သက် ၂ဝ ပြည့်တာ၊ သားလေးနဲ့အတူတူ ဖြတ်သန်းရတာဆိုတော့ ပျော်မိတယ်။ မေ မေကလည်း သားလေးမွေးပေးလို့ဆိုပြီး အိတ်လက်ဆောင်ပေးတယ်။ ခင်ပွန်းကလည်း မွေးနေ့ Suprise အဖြစ် ဟိုကနေ ပန်းစည်းတွေ ပို့လိုက်တယ်။ သူငယ်ချင်းတွေကလည်း Suprise လုပ်ပေးတဲ့အတွက် ပျော်ပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here