ချစ်ခြင်းမေတ္တာတွေခြံရံလို့ မင်္ဂလာကို ၁၅ နှစ်တိုင် ဆောင်ယူလာကြတဲ့Rဇာနည်နဲ့ဝမ်း

0
283

အဆိုတော်Rဇာနည်နဲ့ မော်ဒယ်လ်ဝမ်းတို့ဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ သူတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့မှာပဲ ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းရှိ ချမ်းမြေ့ ရိပ်သာ ကျောင်းမှာဆွမ်း ကပ်လှူပူဇော်ခဲ့ပါတယ်။ သူတို့ဟာဆိုရင် ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန်ဆိုတဲ့ သားလေးနှစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစု ဘဝလေး ကို ဖြတ်သန်းနေပြီး ပရိသတ်တွေ အားကျဖို့ကောင်းတဲ့ မိသားစုတစ်စုလည်းဖြစ်ပါ တယ်။ ၁၅ နှစ်ပြည့် မင်္ဂလာမှတ်တိုင်အထိမ်းအမှတ် အလှူဒါနလေးလုပ်ဖြစ် ခဲ့ပုံကိုလည်း Rဇာနည်က –


”ဒါကတော့ ကျန်တော်တို့ရဲ့ ၁၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ပါ။ နှစ်စဉ် နှစ်တိုင်း ဒီလိုမျိုးရက်ကျရင် ဘုန်းကြီး ဆွမ်းကပ်တယ်ပေါ့နော်။ အခုတော့ တအားပျော်နေတယ်။ အခုဆို ကလေးလေးတွေလည်း ရပြီး သားသားတို့နဲ့လည်း ပျော်ရွှင်တဲ့ မိသားစုကို ဖြတ်သန်းနေရတော့ တအားကျေနပ်မိတယ်။ နောက် နှစ်တွေကြာတဲ့အထိ ဒီထက်ခိုင်မြဲတဲ့ အချစ်တွေနဲ့ မိသားစုနဲ့အတူ ပျော်ပျော် ရွှင်ရွှင် အလုပ်ကြိုးစားပြီး အကောင်းဆုံးဖြတ်သန်းမယ်” လို့ Rဇာနည်ကပြောပါ တယ်။ ခင်ပွန်းဖြစ်သူ၊ သားလေးနှစ်ယောက်တို့နဲ့အတူ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ဖြတ်သန်းနေရတဲ့အတွက် ကျေနပ်ကြောင်းကိုလည်း ဇနီးဖြစ်သူ ဝမ်းက –


”အခုဆိုလည်း ၁၅ နှစ်ပြည့်ခဲ့ပြီ။ အကုန်လုံး အေးအေးချမ်းချမ်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူကသားလေးတွေကို လည်း အမြဲတမ်း သေချာဂရုစိုက် ပေးတယ်။ ကိုယ့်ရဲ့မိသားစုလေးကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်တယ်။ ဒီအချိန်အထိ ၁၅ နှစ်ပြည့်တဲ့အထိ ချစ်ပေးလို့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဝမ်းက ပြောပါတယ်။

အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ အဆိုတော် Rဇာနည်နဲ့ ခင်ပွန်းကို ပါရမီ အပြည့်ဖြည့်ဆည်းပေးနေတဲ့ မော်ဒယ်လ်ဝမ်း တို့ရဲ့ ဘဝမှာ အချစ်ရဲ့ သင်္ကေတအဖြစ် သားနှစ်ယောက်ပါ ထပ်ဆောင်းလို့၊ နှစ်ဖက် မိဘဆွေမျိုးများကလည်း သိုင်းဝိုင်းလို့ သလင်းရတုတိုင် မင်္ဂလာကို ဆောင်ယူလာခဲ့ပါပြီ။ ကြည်လင်ခြင်း၊ တာရှည်ခိုင်မြဲခြင်းဆိုတဲ့ သလင်းရဲ့ အဓိပ္ပာယ်တွေနဲ့ မင်္ဂလာနှစ်ပတ်လည်မှာ သူတို့မိသားစုရဲ့ We Love များပါ ခြံရံလို့ အမှတ်တရ နေ့ကို ဖြတ်သန်းခဲ့ကြပါပြီ။

သဲစုလှိုင် ၊

ဓာတ်ပုံ – အောင်ဇော်မင်


LEAVE A REPLY

Please enter your comment!
Please enter your name here