သားဖြစ်သူရဲ့ ထူးခြားချက်တွေကို ပြောပြတဲ့ ခရစ္စတီးနားခီ

0
215

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ခီမောင်နှံရဲ့ သားဖြစ်သူ Noah လေးက တဖြည်းဖြည်းနဲ့ ချစ်စဖွယ် ကြီးပြင်း လာပြီပဲ ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ ဝါသနာနဲ့ ထူးခြားချက်လေးတွေက ဘာတွေဖြစ်မလဲ လို့ မေးကြည့်တဲ့ အခါ မှာတော့ ခရစ္စတီးနားခီက

”သားသားကို အစ်မကြည့်နေတာကတော့ ပန်းချီတို့ ဂီတတို့ ကြိုက် တယ်။ သဘောကျတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူ့ရဲ့ အခက်အခဲ ကတော့ စကားကောင်းကောင်းမပြောတတ်သေးဘူး။ စကားပြောတာ တအား နောက်ကျနေတယ်။ နောက်ကျတော့ သူ့ရဲ့စိတ်ခံစားမှုတွေကို ပွင့်ပွင့် လင်းလင်းအစ်မကို သူပြောတယ်။ အစ်မက နားမလည်တော့ သူဖြစ်ချင်တာ တွေ သူမပြောနိုင်တော့ စိတ်ရှုပ်ရတာပေါ့လေ။ အစ်မလည်း နည်းနည်း စိတ်ရှုပ်ရတာပေါ့။ ဒါပေမဲ့သားသားလေးက တအားချစ်ဖို့ကောင်းတယ်။ ကိုဇဏ်နဲ့တူတယ်လို့လည်း အစ်မထင်တယ်” လို့ ပြောပါတယ်။

ခရစ္စတီးနားခီကတော့ အောက် တိုဘာလ ၁၈ ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာ သူ့ရဲ့ We Love တွေနဲ့ အလှူအတန်းတွေ ပြုလုပ်ပြီး မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ဖြတ်သန်းဖြစ်တဲ့မွေးနေ့အတွက် ပီတိစကားသံကို မေး ကြည့်တဲ့အခါမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ”တအားအံ့သြပြီး ဝမ်းသာနေတယ်။ ပြီးတော့ မွေးနေ့ Surprise လုပ်ပေး တဲ့နေရာကလည်း တကယ် လိုအပ်တဲ့နေရာ တွေပဲဆိုတော့ တအားပျော်မိတယ်။ ကိုဇဏ်ခီကတော့ လက်ဆောင်အခုထိမပေးသေးဘူး။ ဘယ်အချိန်မှ ပေးမလဲ မသိသေးဘူး။ အရင်က ကိုဇဏ်က U.S မှာနေတုန်းကတော့ မွေးနေ့ Surprise လုပ်ပေးပါတယ်။ ဒါပေမဲ့သိပ်လည်း အများကြီး Surprise လုပ်လေ့လုပ် ထရှိတဲ့ စုံတွဲလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။

သဲစုလှိုင်၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here