အနုပညာကို ချစ်မြတ်တန်ဖိုးထားတဲ့ လူရွှင်တော်ကြီး ဦးငွေမိုးကို အမြဲတမ်း အောက်မေ့သတိတရ ရှိနေကြဦးမည်

0
252

ပြည်သူချစ်တဲ့ ဟာသလူရွှင်တော်ကြီး ဦးငွေမိုးဟာ အောက်တိုဘာလ ၂၃ရက်နေ့က ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ရဲ့ဈာပနာကိုတော့ အောက်တိုဘာလ ၂၇ရက်၊ ညနေ၃နာရီတွင် ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ခဲ့ပါတယ်။ ဟာသလူရွှင်တော်ကြီး ဦးငွေမိုးရဲ့ နောက်ဆုံးခရီးကို လူရွှင်တော် ဝတ်စုံများအပြည့်ဝတ်ပြီး လူရွှင်တော်များမှ ဂုဏ်ပြုလေးစားသည့် အထိမ်းအမှတ် ဖြင့်ပို့ဆောင်ခဲ့ကြပါတယ်။

”အနုပညာကိုချစ်သူ တန်ဖိုးထားသူ ရိုးသားဖြူစင်သူ လူရွှင်တော် အဖေဆရာဦးငွေမိုးဆုံးပြီတဲ့။ နောက်မှ ပြန်ကြားရတဲ့စကားလေးကြောင့် ကျွန်တော့်ရင်ထဲမှာ ခံစားခဲ့ရတယ်။ ကျန်းမာရေးမကောင်းဘူးတဲ့။ စီးပွားရေး အဆင်မပြေလို့ ကျွန်တော့်အဖွဲ့မှာ လိုက်နေတာတဲ့။ သားကိုပြောပါလား ဖေကြီးရယ်” လို့လူရွှင်တော် ဒိန်းဒေါင်က လူရွှင်တော်ကြီး ဦးငွေမိုးနဲ့ ပတ်သက်လို့ ဝမ်းနည်းစကားဆိုခဲ့ပါတယ်။

လူရွှင်တော်ကြီးဦးငွေမိုးက ဝါရင့် သမ္ဘာရင့် လူရွှင်တော်ကြီးတစ် ဦးဖြစ်ပြီး မျိုးဆက်သစ်လူရွှင်တော်တွေကိုလည်း လူရွှင်တော်ပညာရပ်နဲ့ ပတ်သက်လို့ အမြဲပြောပြသင်ကြား ပေးလေ့ရှိသူတစ်ဦး ပါပဲ။ ဒီလိုမျိုးပုဂ္ဂိုလ်တစ်ဦးကွယ်လွန်ခဲ့ရတဲ့အတွက် လူရွှင်တော် လောက အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နစ်နာဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ရပြီး လူရွှင်တော် တွေအားလုံးကလည်း သူ့ကိုအမြဲ အောက်မေ့သတိတရရှိနေကြမှာပဲ ဖြစ်ပါ တယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here