မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်ကိုဖြတ်သန်းချင်တဲ့ စည်သူ ဒေါ်မြင့်မြင့်ခင်

0
223

အသက် ၈ဝ ကျော် အဘွားအရွယ်ဖြစ်နေပေမယ့် ဒေါ်မြင့်မြင့်ခင်ကတော့ ရုပ်ရှင်ကို ချစ်တဲ့စိတ် လျော့မသွားပါဘူး။ ရုပ်ရှင်ကို ချစ်မြတ်နိုးလို့လည်း အကယ်ဒမီများရှင်စည်သူ ဒေါ်မြင့်မြင့်ခင်ရယ်ဆိုပြီး ဖြစ်ခဲ့တာပေါ့။ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးရဲ့နာယက တစ်ဦး ဖြစ်တဲ့ဒေါ်မြင့်မြင့်ခင်ကသူကြုံ တွေ့ နေရတဲ့လက်ရှိအခြေအနေတစ်ရပ်ကို အခု လိုပြောပြပါတယ်။

”အိမ်က ကလေးတွေက အခု အစည်းအဝေးတွေ ဘာတွေ ဆိုလို့ရှိရင် သိပ်ပြီးတော့ မသွားစေချင်ဘူး။ အမေကသွားချင်တယ်။ သွားချင် တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုသွားရင် စိတ်ပြေလက် ပျောက်ဖြစ်တယ်။ နောက်ပြီးတော့ ဒီလောက သားတွေနဲ့ ထိတွေ့ချင်တယ်လေ။ အမေက ၁၅ နှစ်သမီးကတည်း ကဒီလောကထဲဝင်လာတာ။ ၁၅ နှစ် နောက်ပိုင်း အချိန်အကုန် လုံးက ရုပ်ရှင်လောကသားတွေနဲ့ပဲ ဖြတ်သန်းလာခဲ့ရ တာပေါ့။ အဲဒီအတွက် ရုပ်ရှင်ကို အမေကချစ်တယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ရောက် သွားပြီဆိုလို့ရှိရင် ပျော်သွားတယ် လေ။ ကလေးတွေ ပြောတာကတော့ ‘မာမီနဲ့ ရွယ်တူတန်းတူ တွေလည်း သိပ်မရှိဘူး။ ဘာဖြစ်လို့သွားမှာလဲ’ ပေါ့။ ဒါပေမဲ့ အမေက ခေတ်ကလေးတွေရဲ့ အနေအထားကိုလည်း ကြည့်ချင်တယ်။ နောက်ပြီးတော့ အားလည်း ပေးချင်တယ်” လို့ ဒေါ် မြင့်မြင့်ခင်က ပြောပါတယ်။ လက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင်မျိုးဆက်တွေကို လည်း ဒေါ်မြင့် မြင့်ခင်က သူတို့ခေတ်နဲ့ ယှဉ်ပြီး ဆုံးမစကား ဆိုပါ တယ်။ ပေါ်ပင်ဖြစ်ချင်လို့ ရုပ်ရှင်ရိုက်တာထက် ရုပ်ရှင်ကိုချစ်လို့ ရုပ်ရှင် ရိုက်တာမျိုး ဖြစ်စေချင်ကြောင်းလည်း ပြောပါတယ်။

”ရှင်းရှင်းပြောရရင်တော့ အမေတို့ ခေတ်ထက် သူတို့က ပိုကံ ကောင်းတယ်။ အမေတို့ခေတ်တုန်းက ဆိုရင်အမေတို့ရဲ့ အနုပညာ ကို ဘယ်သူမှ အားမပေးဘူး။ ရှင်းရှင်းပြောရရင် မိသားစုကလည်း အားမပေးဘူးလေ။ အဲဒီတော့ အခုကလေးတွေက သိပ်ပြီး ကံကောင်းတယ်။ ကံကောင်းတာဖြစ်တဲ့အတွက် အမေတို့လိုပဲရေရှည်ပေါ့။ ပရိသတ်နဲ့ အမြဲတမ်းထိတွေ့စေချင်တယ်။ ခဏလေးနဲ့ ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါ ကလေးတွေ အတွက် အမေ့ရဲ့ ဆုံးမစကားပါပဲ” လို့ ဒေါ်မြင့်မြင့်ခင် ကဆိုပါတယ်။ ဒေါ်မြင့်မြင့်ခင်တို့ ခေတ်တုန်းက အတွေ့အကြုံ တွေကို ပြန်လည်ပြောပြဖို့လည်း သူ့ဘက်ကအဆင်သင့်ပါပဲ လို့ဆို တဲ့ သူမက…

”အခုကတော့ သိပ်ပြီးတော့ မတွေ့ကြတော့ဘူးပေါ့။ အရင်တုန်းကဆိုရင်တော့ နိုင်းနိုင်း တို့နဲ့ အမြဲစကား ပြောဖြစ်တယ်။ အမေငယ်ငယ်တုန်းက သရုပ်ဆောင်ခဲ့တဲ့အကြောင်းတွေ ပြောပြ ရင်နိုင်းနိုင်းက သိပ်သဘောကျတာ။ ‘အမေပြော လေ…. အမေတို့ ဘယ်တုန်းက ဘာလေးရိုက်ခဲ့တာ’ စသဖြင့်ပေါ့။ သူက အရမ်းနားထောင်တယ်။ အခုက အဲဒီလိုအချိန်ပေးပြီး နားထောင် မယ့်သူမရှိတော့ဘူး။ အချိန်က တန်ဖိုး သိပ်ရှိနေကြပြီလေ။ အဲဒီလိုဖြစ်နေ တာပေါ့။ အေးအေး ဆေးဆေးကို မပြောရဘူး” လို့ ပြောပါတယ်။ လာမယ့် ၂ဝ၂ဝ မှာ နှစ်တစ်ရာပြည့်တော့ မယ့် မြန်မာ့ရုပ်ရှင် အပေါ်ကိုလည်းဒေါ်မြင့်မြင့်ခင်က…

”ရုပ်ရှင်ကို အမေ အခုထက်ထိ ချစ်နေတုန်းပဲ။ ရုပ်ရှင် သမားတွေကို မကောင်းတာ ပြောရင်လည်း မခံချင်ဘူး။ ဘာပဲ ပြောပြော မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်မှာ ကိုယ့်လောကသား တွေနဲ့ ကလေးတွေနဲ့ အတူတူဖြတ်သန်းချင် ပါသေးတယ်”လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်ဓာတ်ပုံ-အောင်ဇော်မင်း၊ မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here