ဆံပင်ပုံစံက လူတစ်ယောက် အတွက် အလွန် အရေးကြီးတယ် စိုင်းစိုင်းခမ်းလှိုင်

0
284

အဆိုတော် သရုပ်ဆောင် စိုင်း စိုင်းခမ်းလှိုင်ကတော့ နှုတ်ခမ်းနီမ လေးတွေရဲ့ အသည်းကို ဆွဲဆောင် နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမြဲတမ်းစမတ်ကျနေတဲ့ စိုင်းစိုင်းကို ဖက်ရှင်နဲ့ပတ်သက်ပြီး ဆံပင် ပုံစံက ဘယ်လောက်အထိအရေးပါလဲလို့ မေးကြည့်တဲ့အခါ မှာတော့ . . .

”ဆံပင်ပုံစံကအရေးကြီးတယ်။ ကိုယ့်မျက်နှာနဲ့ မလိုက်တဲ့ ဆံပင်ညှပ်လိုက်တယ်ဆိုရင် ရုပ်ကလည်း ပြောင်းသွားရော။ တချို့ကျတော့လည်း ဒီဆံပင်ပုံစံနဲ့ပဲ အကြာကြီး နေနေတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ် ကိုယ်သတိမထားမိဘူး။ သူနဲ့ အလိုက်ဖက်ဆုံး Style တစ်ခုကို လုပ်လိုက်တဲ့ အချိန်ကျမှ တအားကို မိုက်သွားတဲ့ သူတွေလည်းရှိတယ်။ ကျွန်တော်ကတော့ဆံပင်စတိုင်လ်က အလွန်အရေးကြီး တယ်လို့ နားလည်ထားပါတယ်” လို့ စိုင်းစိုင်းကပြောပါတယ်။ မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ သူ့ရဲ့ ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ ရှိုးပွဲမှာ ပရိသတ်အားပေးမှုတွေ တစ်ခဲနက် ရရှိခဲ့တဲ့အပေါ် ဘာနဲ့မှမလဲနိုင်တဲ့ခံစားမှုမျိုးကို ရရှိခဲ့ တယ်လို့ လည်း စိုင်းစိုင်းကဆိုပါတယ်။

”ကျွန်တော် တအားပျော်နေပါ တယ်။ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အချိန် အများကြီး ပေးပြီးရက်အများကြီး ပေးပြီးတော့ ကြိုးစားထားတာ ပေါ့ နော်။ သီချင်း တီးလိုက်၊ မညီဘူးဆိုရင် ပြန်တိုက်လိုက်နဲ့ အကုန်လုံးက စနစ်တကျနဲ့လုပ်ခဲ့တယ်။ ဒီ Operation မှာ ပါဝင်တဲ့ လူ ၁ဝဝ လုံးက အားသွန်ခွန်စိုက် လုပ်ခဲ့တဲ့အခါ တကယ့်ပွဲ လည်းတီးတဲ့ အချိန်ကျတော့ ပရိသတ်ကလည်း ညီညီ ညာညာနဲ့ စီးမျောခဲ့တယ်။ အဲဒီအတွက်ကြောင့် ပွဲပြီးသွားတဲ့ အချိန်မှာ ဘာနဲ့မှမလဲနိုင်တဲ့ခံစားချက်ကို ကျွန်တော် ရခဲ့တယ်။ အဲဒီအတွက် လည်း ကျေနပ်မိတယ်” လို့ စိုင်းစိုင်းက ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ GATSBY ရဲ့ Brand Ambassador အဖြစ်လည်း အောက်တိုဘာလ ၁၆ ရက် နေ့က ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

သဲစုလှိုင်ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here