ကြီးတော်ဖြစ်သူ မင်းသမီးကြီး ဒေါ်ခင်လေးဆွေ ဖြစ်စေချင်တဲ့အတိုင်း ကြိုးစားသွားမယ့် သရုပ်ဆောင် ဧကရီစုစံ

0
145

မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့ တူမတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဧကရီစုစံက အနုပညာလောကမှာအောင်မြင်မှုရရှိအောင် ကြိုးစားနေသူတစ်ဦးပါ။ သူကကြီးတော်ဖြစ်တဲ့ ဒေါ်ခင်လေးဆွေနဲ့အစ်မဖြစ်သူစမိုင်းလ်တို့ကို အားကျစိတ် တွေနဲ့အတူ သူတို့လိုအောင်မြင်တဲ့မင်းသမီးတွေဖြစ်အောင်လည်း ကြိုးစား မှာပါလို့ ပြောပါတယ်။

”ကြီးကြီးတို့ကို အားကျအတုယူရတာတွေကတော့ အများကြီးပါပဲ။ သရုပ်ဆောင်ပညာရော ပေါင်းသင်းဆက်ဆံရေးတွေရော အများကြီးပါပဲ။ ဒီ ထက်အများကြီးလည်း ကြိုးစားသွားပါမယ်။ ကိုယ့်ရှေ့ကကြီးကြီးလိုရော အစ်မ လိုရောစံနမူနာယူပြီးတော့ကြိုးစားပါ့မယ်။ ကြီးကြီးဖြစ်စေချင်တဲ့အတိုင်းလည်းစိတ်ပါလက်ပါ သရုပ်ဆောင်သွားပါ့မယ်”လို့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ကြိုးစားသွားမယ့်အကြောင်းကို သူကပြောပြပါတယ်။ သူကအားပေးတဲ့ပရိသတ်တွေကိုလည်း တန်ဖိုးထားတတ်သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်အကြံပေးမှုတွေကိုလည်း တလေးတစားနားထောင်ကာ ပြုပြင်သင့်တာ တွေပြုပြင်ဖြစ်ပါတယ်လို့လည်းပြောခဲ့ပါတယ်။ သူကလက်ရှိမှာတော့ ဗီဒီယိုဈေးကွက်က သိပ်မ ကောင်းတဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ နည်းနေပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေတော့ ရိုက်ကူးဖြစ်နေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here