မင်းသား Lee Seo Jin နဲ့ အ င် တာ ဗျူး ခ ဏ တာ

0
70

မင်းသား Lee Seo Jin ဟာ မကြာသေးခင်သူ့ရဲ့ Intimate Strangers ဇာတ်ကားအတွက် အင်တာဗျူးတစ်ခုပြုလုပ် ခဲ့ပါတယ်။ မင်းသားဟာ Variety Show တော်တော်များ များမှာပါဝင်ရိုက်ကူးခဲ့ပြီး “Grandpas Over FLowers”၊ “Three Meals a Day”၊ “Youn’s Kitchen”တို့က တော့ သူ့ရဲ့နာမည်ကြီးရှိုးတွေပါ။ မင်းသားဟာ Pd Na Young Suk နဲ့ ရိုက်ကူးရတာအရမ်း ကိုပေါ့ပေါ့ပါးပါးရှိတယ်လို့ပြောခဲ့ပါတယ်။

သူဟာ Three Meals a day ရှိုးကို သူမပါဘဲ Cha Seung Won နဲ့ Yoo Hae Jin တို့ နှစ်ယောက်ဆက်လုပ် စေချင်တယ်လို့ ရယ်မောပြီးပြောခဲ့ သလို”Youn;s Kitchen”နဲ့ “Grandpas Over Flowers” ရှိုးနှစ်ခု မှာတော့ “Youn’s Kitchen” က ပိုပြီး သက်သောင့်သက်သာရှိတယ်လို့ ပြောခဲ့ပါတယ်။

“Youn’s Kitchen”က အလုပ်ချိန်အတွင်းပဲ ရိုက်ကူးပြီး“Grandpas Over Flower” ကတော့ အမြဲတမ်းသတိရှိနေရပြီး အိပ်ချိန်ကိုတောင် မအိပ်ရဘဲ နောက်ရက်အတွက် အစီအစဉ်ဆွဲနေရတယ်လို့ပြောခဲ့ပါတယ်။

အဲဒီအစီအစဉ် ကို ကျွန်တော်အကြောက်ဆုံး အစီအစဉ်လို့ ရယ်မောရင်းပြောခဲ့ပါတယ်။ ခရီးစဉ်တွေမှာ လူကြီးတွေနဲ့ အတူသွားပြီး သူတို့ကို ကူညီရတာအရမ်းကိုကောင်းပါတယ်။ အဲဒီအစီအစဉ်မျိုးမှာ တက်ကြွတဲ့လူငယ် တွေရဲ့ အကူအညီလိုအပ်ပါတယ်။။ ဥပမာ Taecyeon လိုမျိုးပေါ့။ သူဟာအင်္ဂလိပ်စာ လည်းကောင်းပြီး အရမ်းလည်းသန်မာပါတယ်။ မကြာခင် အစီအစဉ်မှာ သူပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ မင်းသားက ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here