ဖက်ရှင်ကျတဲ့ မင်းသမီးထဲမှာ မပါဘူးခိုင်သင်းကြည်

0
198

ခိုင်သင်းကြည်က သူတို့ရဲ့ ခသုံးလုံးထုတ် လုပ်ရေးက ရိုက်ကူးတဲ့ အောက်ဖဲမလှန်ကြေး ရုပ် ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ငပလီကိုရောက် ရှိနေပါတယ်။ ဒီဇာတ်ကားမှာတော့ ငပလီကမ်း ခြေရဲ့ အလှအပတွေနဲ့အတူ မင်းသမီးတွေရဲ့ ရေကူးဝတ်စုံနဲ့ ဖက်ရှင်အလန်းစားတွေကို လည်း မြင်တွေ့ကြရမှာပါ။ ဘယ်လိုဖက်ရှင်မျိုးတွေ ဝတ်ဆင်သွားမလဲဆိုတာကို မေးကြည့်တော့ ခိုင် သင်းကြည်က . . .

”မခိုင်တို့ထက် နေခြည်ဦးတို့၊ ခသုံးလုံးက မင်းသမီးနှစ်ယောက် သူတို့ကိုလန်းတဲ့နေရာ လေးမှာထားထားပါတယ်။ သူတို့အရွယ်လေး တွေနဲ့ သူတို့ရဲ့လှပတဲ့လှပမှုလေးတွေက ဝတ်လို့ တင့်တယ်တယ်လေ။ မခိုင်တို့အရွယ်နဲ့ မခိုင်တို့က မလှတော့ဝတ်လို့ကအဆင်မပြေဘူး။ ကိုယ့် ကိုယ်စားဝတ်လို့ရတဲ့သူတွေကို ငှားထားတဲ့ သဘောပါပဲ”လို့ ရယ်မောစွာ ပြောပြခဲ့ပါတယ်။ ဖက်ရှင်ကျကျဝတ်တတ်တဲ့ မင်းသမီးတွေထဲမှာ မပါဝင်ပါဘူးလို့ဆိုတဲ့ ခိုင်သင်းကြည်က ဇာတ် ကားနဲ့ လိုက်ဖက်တဲ့ အဝတ်အစားဖက်ရှင်တွေကို ဝတ်ဖို့အတွက်ကိုတော့ ပိုပြီးဝါသနာပါသူပါ။ ဒါကြောင့်လည်း ခိုင်သင်းကြည် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဖေ့စ်ဘုတ်ခ်ရွာစတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ထူးခြားတဲ့ ဖက်ရှင်တွေဟာလည်း ပရိသတ်တွေ ကြား ရေပန်းစားခဲ့ပါတယ်။ အနု ပညာကိုငယ်စဉ်ကတည်းက ဝါသနာ ပါလာသူဖြစ်တဲ့ ခိုင်သင်းကြည်က အခု နောက်ပိုင်း မျိုးဆက်သစ်လူငယ်တွေ လည်း အနုပညာအပေါ်ရူးသွပ်နေဖို့လို အပ်တယ်လို့လည်း သူ့အတွေ့အကြုံတွေနဲ့ယှဉ် ပြီး အကြံပြုခဲ့ပါတယ်။

‘ငယ်ငယ်ကတည်းက မိဘက ဘယ်မှ သိပ်မလွှတ်ဘူး။ နေတော့လည်း မိန်းကလေး ကျောင်းဆိုတော့ ယောက်ျားလေးတွေနဲ့ တောင်စကား သေသေချာချာရဲရဲမပြော ရဲခဲ့ဘူး။ ရုပ်ရှင်လောကထဲ ဝင်ရောက်လာခါစ တုန်းက မင်းသားတွေဆိုရင်နှုတ်မဆက်ရဲဘူး။ မင်းသားလည်း စေ့စေ့မကြည့်ရဲ။ စကား လည်းမပြောရဲ။ အရင်တုန်းကဆိုရင် အူ ကြောင်ကြောင်ဆိုပြီး ဘယ်မင်းသားကမှ လည်းကိုယ့်ကိုမတွဲချင်ပါဘူး။ အဲဒါလည်း အားလုံးသိကြပါတယ်။ ကိုယ်က အဲဒါ တွေသာ ရှက်မယ်ကြောက်မယ်ရှိတာ ရုပ် ရှင်ကြည့်ပြီး ရုပ်ရှင်ထဲကအတိုင်းလုပ်ပြပါဆိုရင်ရှက်ကိုမရှက်တာ။ သူ့ဟာနဲ့ သူဖြစ် နေတာ။ သူ့ပါရမီပဲလေ။ အဓိက ဝါသနာ ပါရမယ်။ ပြီးတော့မှ ပါရမီပါလာလားပေါ့။ ပြီးတော့မှ ကံ၊ ဥာဏ်၊ စန်း၊ ဝီရိယပေါ့” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here