အသည်း မကွဲတတ်တဲ့ အလှမယ် သျှားထွဋ်အိန္ဒြာ

0
211

ချစ်သူ မော်ဒယ်လ်ကောင်လေးတစ်ယောက်နဲ့ မကြာသေးမီကလမ်းခွဲလိုက်တဲ့ အလှမယ်သျှား ထွဋ်အိန္ဒြာက တစ်ယောက်နဲ့တစ်ယောက် ရှေ့ ဆက်ဖို့အဆင်မပြေတော့လို့ လမ်းခွဲခဲ့ကြတာပါ လို့ပြောပါတယ်။ အခုအချိန်မှာတော့ နောက် ထပ် အချစ်သစ်မရှာသေးပါဘူး။ တစ်ယောက် တည်း အေးအေးဆေးဆေးပါပဲလို့ဆိုပါတယ်။ ချစ် သူနှစ်ဦးကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှု၊ အလေး အနက်ထားမှု၊ တန်ဖိုးထားမှုတွေလိုအပ်ပါတယ်။ အလှမယ် သျှားထွဋ်အိန္ဒြာအနေနဲ့ ဘယ်လိုချစ် သူမျိုးလိုချင်တာလဲဆိုတာကိုတော့. . .

”သျှားကနေ့တိုင်းချစ်တယ်။ ချစ်တယ် လို့လည်းမပြောတတ်ဘူး။ တအားလွမ်းပါ တယ်လို့လည်း မပြောတတ်ဘူး။ သျှားက ချစ်ရင်ချစ်တဲ့အတိုင်းပဲနေတယ်။ ချစ်တဲ့ အချိန်မှာဖြစ်ပေါ်လာတဲ့စိတ်ခံစားချက် အတိုင်းပဲဂရုစိုက်တယ်။ ကြင်နာတယ်။ ဒါကတော့ သျှားရဲ့အချစ်ပေါ့။ သျှားကိုလည်း အဲဒီလိုပဲတန်ဖိုးထားပြီး အမြဲတမ်းချစ်ပြီး တအားဂရုစိုက်နေတဲ့လူကိုပဲ သျှားလိုချင် တယ်”လို့ ပြောပါတယ်။ ချစ်သူနဲ့ လမ်းခွဲ ပြီးနောက်ပိုင်းမှာ အသည်းကွဲတာမျိုး ဖြစ်ခဲ့သေးလားဆိုတဲ့ မေးခွန်းကိုတော့ သျှားထွဋ်အိန္ဒြာက . . .

”သျှားကတော့ အသည်းမကွဲ တတ်ဘူး။ သျှားမှာလုပ်စရာတွေ အ များကြီးရှိသေးတယ်။ ပြန်ကြည့်ရ မယ့်အရာတွေကလည်း အများကြီးရှိ သေးတယ်။ သျှားအသည်းကွဲပြီး အ ချိန်ကုန်မခံဘူး။ အသက်ကြီးလာတဲ့ အချိန်မှာ ဒီလိုကိစ္စမျိုးတွေအတွက် အချိန်ကုန်မခံဖြစ်တော့ဘူး”လို့ပြော ပါတယ်။ ချစ်သူရည်စားတွေကြားမှာ အ ဆင်မပြေမှုတွေမျိုးစုံကြုံတွေ့ရပြီး လမ်းခွဲဖို့ စဉ်း စားကြတဲ့သူတွေလည်းရှိတဲ့ကြပါတယ်။ အဲ့ဒီလို မိန်းကလေးတွေနဲ့ပတ်သက်ပြီး သျှားထွဋ်အိန္ဒြာက…

” ကိုယ်နဲ့အဆင်မပြေတော့ဘူးလို့ စိတ်ထဲ မှာ သိနေပြီဆိုကတည်းက ကိုယ်ကသေချာ ဆုံးဖြတ်တော့။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူ ရည်စားဆိုတာ အပျော်အပြက်ထားတာနည်း တယ်။ ဘဝအတွက် တွေးပြီးထားတဲ့သူများ တယ်။ ကိုယ်စိတ်ဆင်းရဲရမယ့် အိမ်ထောင်ရေး တစ်ခုကို ကိုယ်ဖန်တီးမလား၊ ဒါမှမဟုတ် စွန့် လွှတ်မလား။ သျှားကတော့ ကိုယ်နဲ့အဆင်မပြေ တော့တဲ့အရာတစ်ခုကို စွန့်လွှတ်ဖို့အတွက် ဘယ်တော့မှဝန်မလေးဘူး။ ရှေ့ဆက်ရမယ့် အရာတွေပဲတွေးတယ်”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here