ပစ္စည်းတွေပြတ်သွားအောင်ဈေးရောင်းကောင်းတဲ့ စိုးညီအစ်မ တို့ရဲ့ မင်းသမီး ပိုးထည်တိုက်

0
479

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုး မြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့် သဇင်တို့ ဖွင့်လှစ်လိုက်တဲ့ မင်းသမီး ပိုးထည်တိုက်က မဖွင့်လှစ်ခင်က တည်းကကို ဝါကျွတ်နီးတဲ့အတွက် ဈေးရောင်းကောင်းလို့နေပါတယ်။ ဖွင့်လှစ်လိုက်ပြီးချင်းမှာပဲ ဝယ်သူ တွေများပြားပြီး ပစ္စည်းတွေပြတ်တဲ့ အထိကို ရောင်းချနေရပါတယ်။ ဆိုင် မှာလည်း ညီအစ်မတွေကိုယ်တိုင် ဈေးလာဝယ်တဲ့ မိတ်ဆွေတွေကို သေချာရှင်းပြပြီး ရောင်းချလျက်ရှိပါ တယ်။ ဆိုင်မှာ ဝယ်ယူသူတွေများ ပြားနေမှုနဲ့ပတ်သက်ပြီး စန္ဒီမြင့်လွင် က …


”မင်္ဂလာဆောင်ရာသီတို့၊ သီ တင်းကျွတ်ရာသီတို့ ဖြစ်နေတော့ ကန်တော့ဖို့ ဝယ်တဲ့သူတွေ၊ မင်္ဂလာ ဆောင်အတွက် ဟိုဘက်မိဘ၊ ဒီဘက် မိဘအတွက် လာဝယ်တဲ့သူတွေလည်း အများကြီးပဲ။ တအားရောင်းရတယ်။ ဒီးဒီတို့ဆီမှာ အရောင်းရဆုံးက ချည် ပိုးတွေ၊ ကိုယ်ပိုင်ဒီဇိုင်းတွေ၊ ချိတ်တွေ တအားရောင်းရတယ်။ အခုပဲ ထပ် မှာနေရတယ်။ ဇာတွေက အစ ထပ် မှာထားတယ်။ နောက်ထပ်ပစ္စည်း အသစ်တွေ ထပ်ရောက်ပါတယ်။ ဆိုင်လာတဲ့သူတွေ စိတ်တိုင်းကျဖြစ် ပြီး မင်းသမီးလေးတွေလိုလှပပြီး ပြန် ထွက်သွားရမှာပါ။ ဝန်ဆောင်မှုတွေ လည်း အပြည့်အဝပေးနေပါတယ်” လို့ ပြောပါတယ်။ ညီအစ်မ မင်းသမီး တွေချည်း ဖွင့်လှစ်လိုက်တဲ့ဆိုင်ဖြစ် တဲ့အတွက် ပရိသတ်တွေ ပိုမိုစိတ်ဝင် စားပြီး ဝယ်ယူအားပေးကြသလို လူ တန်းစားမရွေးဝယ်ယူ ဝတ်ဆင်နိုင် တာကြောင့်လည်း အထူးအားပေးခဲ့ ကြပါတယ်။ ဆိုင်ဖွင့်လှစ်ဖို့အတွက် ကိုယ်တိုင်အပင်ပန်းခံပြီး ဝယ်ယူအား ပေးမယ့်မိတ်ဆွေတွေအတွက် စေ တနာထားကာ သေချာပြင်ဆင် ကြိုးစား ကြလို့လည်း အခုလို မေတ္တာ ရောင်ပြန် ဟပ်တယ်လို့ ဆိုရမှာပါ။ စိုးညီအစ်မ တွေအနေနဲ့ အနုပညာ လုပ်ငန်းနဲ့ သာ ရပ်တည်ခဲ့တာဖြစ်ပြီး တခြား စီးပွားရေးလုပ်ငန်းတွေကို တော့ မလုပ်ကိုင်ဖြစ်ခဲ့ကြပါဘူး။ အခုအချိန်မှာ ညီအစ်မတွေအနေနဲ့ ပိုးထည်တိုက် ဖွင့်လှစ်ဖြစ်ခဲ့ပုံကိုတော့ စိုးမြတ်သူ ဇာက …


”မကြီးတို့က စီးပွားရေးလည်း မလုပ်တတ်ဘူး။ အခုလုပ်မယ်ဆို တော့ မကြီးလည်း အသက်ကြီးလာမှာ က တစ်ကြောင်း၊ မကြီးအလုပ်မလုပ် နိုင်ရင် အဖေတွေ အမေတွေ ရှိသေး တဲ့အတွက် ကျန်းကျန်းမာမာရှိနေ သရွေ့ကတော့ အလုပ်လုပ်နေမှာပဲ။ အဲဒါကြောင့် ဒီအလုပ်လုပ်တယ်။ မကြီးတို့မှာ ပရိသတ်ရှိတယ်။ ပရိ သတ်တွေ ဝယ်နိုင်လောက်မယ့် အနေအထားမျိုးဖြစ်အောင် ကြိုး စားမယ်” လို့ပြောပါတယ်။ မင်းသမီး ပိုးထည်တိုက်ကို အကောင်းဆုံးကြိုး စား လုပ်ဆောင်သွားမှာဖြစ်ပြီး ဆိုင် ခွဲတွေ ဖွင့်လှစ်နိုင်တဲ့အထိလည်း ကြိုး စားသွားမယ်လို့ စိုးမြတ်သူဇာက ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here