သဘင်နဲ့ပတ်သက်လို့ ကျွန်တစ်ယောက်လို အနစ်နာခံပြီး အလုပ် လုပ်ပေးမယ်ဆိုတဲ့ဦးမိုးဝင်း

0
179

သဘင်မင်းသားကြီး ဦးမိုးဝင်း က မြန်မာ့ဇာတ်သဘင်ကိုတိုးတက် မြင့်မားစေလိုတဲ့စိတ်တွေ၊ ကမ္ဘာက သိစေချင်တဲ့ စိတ်တွေရှိသူပါ။ ဒါ ကြောင့်လည်းသူ့ရဲ့ သဘင်ချစ် စိတ် ကိုသိကြတဲ့ သဘင်လောကသားတွေ အားလုံးကလည်း သဘင်အစည်း အရုံး (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲမှာ သူ့ ကိုဒုတိယဥက္ကဋ္ဌ နေရာက ဝင်ရောက် ရွေးချယ်ခံ စေပြီး ဒုတိယဥက္ကဋ္ဌနေရာကို ပေးခဲ့ ကြတာပဲဖြစ်ပါတယ်။ သူဟာသဘင် ချစ်စိတ်တွေနဲ့အတူ သဘင်နဲ့ ပတ် သက်ပြီး သူ့ကိုယ်သူသဘင့်ကျွန်ရယ် လို့တောင်သတ်မှတ် ထားသူပါ။

”ကျွန်ဆိုတာကတော့ခိုင်းတာလုပ်ရမှာလေ။ ဘာမှလည်းရမှာ မဟုတ်ဘူး။ ခိုင်းတာကိုလုပ်ရမယ့်သူဖြစ်တဲ့အတွက် မမျှော်ကိုးဘူး။ ကျွန် တစ်ယောက်လို ကျွန်ကဲ့သို့ အနစ်နာခံမယ်။ အသာစံဖို့မရှိပါဘူး။ နေရာယူဖို့ လည်းမရှိဘူး။ ဘာမှယူဖို့လည်းမရှိဘဲနဲ့ ကျိုးနွံစွာနဲ့ သဘင်အတွက် အလုပ် လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ပါ” လို့ သဘင့်ကျွန်ဆိုတဲ့ ဝေါဟာရနဲ့ ပတ် သက်လို့ သူ့ရဲ့ခံယူ ချက်ကိုပြောပြပါတယ်။ သဘင့်ကျွန် ဆိုတဲ့ခံယူချက်ကို သဘင်အစည်းအရုံး(ဗဟို)ရဲ့ ဒုတိယ ဥက္ကဋ္ဌနေရာကနေ မလုပ်တော့တဲ့ နောက်ပိုင်းမှာလည်း အဲဒီခံယူချက်ကိုဆက်လက်ခံယူသွားဦးမှာဖြစ်တယ် လို့ သူက ဆက်ပြောပြပါတယ်။

”အဲဒီခံယူချက်ကတော့ဆက်ရှိနေဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဦးမိုးမသေမချင်း သဘင့်ကျွန်ဆိုတဲ့ ဝေါဟာရကိုသုံးမယ်။ သဘင်ကို အဲဒီ လောက်ချစ်တယ်။ ကျွန်တစ်ယောက် ကဲ့သို့ ဘယ်လိုကူညီရကူညီရ ကူညီ နေမှာပါပဲ။ ပံ့ပိုးနေမှာပါပဲ။ ဒီစိတ်ကတော့ အမြဲတမ်းပျောက်မသွားပါဘူး” လို့ ဦးမိုးဝင်းကပြောပါတယ်။

သဘင်အစည်းအရုံး(ဗဟို)အနေနဲ့လည်း သဘင်နဲ့ပတ်သက်လို့ ကြိုးစား လုပ်ဆောင်နေပြီး အားလုံးကလည်း လက်တွဲပါဝင်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် မျှော်မှန်းထားတဲ့ သဘင်အစည်းအရုံးကြီးရဲ့ ညီညွတ် မှုကို ရရှိစေမှာဖြစ်ကြောင်း၊ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦးကူညီပံ့ပိုး မှုနဲ့ ဘဝ တွေမြင့်မားအောင် လုပ်ဆောင်တဲ့နေရာမှာ အားလုံးလက်တွဲပြီး လုပ်ဆောင် မှသာရမှာဖြစ်ကြောင်း၊ ပြိုကွဲရင်တော့ရမှာ မဟုတ်ကြောင်း သဘင်လောက သားတွေကို မေတ္တာရပ်ခံ စကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here