သီချင်းဆိုပြိုင်ပွဲတွေမှာအကဲဖြတ်ဒိုင်အဖြစ် မြင်တွေ့ရဦးမလား ဘိုဖြူ

0
488

ဘိုဖြူက တောင်ကြီးသားအဆို တော် ၈ ယောက်ပါဝင်တဲ့ ‘ချယ်ရီနွေဦး’ တေးအယ်လ်ဘမ်မှာ ပါဝင်သီဆိုထားပါ တယ်။ ဘိုဖြူနဲ့အတူ နောက်ထပ်ပါဝင်သီဆိုတဲ့ တောင်ကြီးသား ၇ ဦး ကတော့ ဟန်ထွန်း၊ အယ်နောင်း၊ ကို အောင်၊ လှိုင်ဦးမော်၊ အစိုင်း၊ သအို၊ ပူစူးတို့ပဲဖြစ်ပါတယ်။ အသံအေးအေးလေးနဲ့ သီချင်းချိုချိုလေးတွေကို သီဆိုတတ်တဲ့ ဘိုဖြူ့မှာ အားပေး တဲ့ ပရိသတ်တွေ အများကြီးရှိတယ်။ သူက မီမီဝင်းဖေနဲ့အတူ စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေပါဝင်တဲ့ တေးအယ်လ် ဘမ်ထွက်ရှိလာဦးမယ်လို့ သိရပါတယ်။

”ပရိသတ်ကျွေးတဲ့ ထမင်းကို အခုထိစားနေရတုန်း။ ပရိသတ်အားပေးလို့ လှူနိုင်၊ တန်းနိုင်၊ နေနိုင်တဲ့အတွက် အစ်ကိုက ပရိသတ်ကို အမြဲတမ်း ကျေးဇူးတင်နေတယ်။ စိတ်နဲ့တောင် မပစ်မှားပါဘူး” လို့ ဘိုဖြူက ပြောပါတယ်။

ကိုဘိုဖြူ အရင်တုန်းက သီချင်း ဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ဖူးသေးလား၊ အခုခေတ်ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်အဖြစ် လုပ်ဖို့ အစီအစဉ် ရှိ၊ မရှိဆိုတာကို မေးဖြစ်တဲ့အခါ …

”အရင်တုန်းကတော့  မှာ ၄ ခေါက်၊ ၅ ခေါက် လောက်ဒိုင်လုပ်ဖူးပါတယ်။ ဒီဘက်ခေတ်မှာတော့ သိပ်မကြုံတော့ပါဘူး။ နောက်ထပ်လုပ်ဖြစ်မလားဆိုတော့ အခြေအနေနဲ့ အချိန်အခါအရပေါ့။ ကိုယ်လည်း သိပ်မတတ်ပါဘူး။ အခု ဦးသိန်းတန်တို့လုပ်တာကတော့ ပိုပြီး သဘာဝ ကျပါတယ်။ အဆိုရှင်သစ်တွေအနေနဲ့ကတော့ ပညာရှင်တစ်ယောက်ဆီကနေဖြတ်တာ အကောင်းဆုံးပါပဲ။ အဲဒီပေါ် လာမယ့်သူအတွက်လည်း ကောင်းတယ်လေ။ အနုပညာရှင် ဗမအင်အ် ဆီကေန ျဖတ္သြားတာကိုပဲ သူ့အတွက် အတွေ့ အကြုံ၊ ဗဟု သုတတွေ အများကြီးရနေပါပြီ” လို့ ဘိုဖြူက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here