ဖခင်ဖြစ်သူရဲ့ ဝေဖန်မှုအကြောင်း ပြန်လည်ပြောပြတဲ့ လမင်းခ

0
124

ရှေ့မှာ ဖခင်က အောင်မြင်တဲ့ နာမည်ကြီး အဆိုတော်ကြီး အငဲဖြစ်တယ်။ သမီးဖြစ်သူကလည်း ဖခင်ကို အရမ်းချစ်တယ်။ ဖခင်ဖြစ်သူရဲ့ သီချင်းတွေနဲ့ ကြီး ပြင်းလာခဲ့ရတာလို့လည်း အငဲရဲ့ သမီးဖြစ်သူ လမင်းခက ပြောပါတယ်။ လမင်းခရဲ့ ‘ကူးကူ’အယ်လ်ဘမ်မထွက်သေးခင် ဂီတအစမှာ အငဲရဲ့ ‘ညမီးအိမ်’ သီချင်း ဃသလနမ နဲ့ စတင်ခဲ့တာကိုး။ ‘ညမီးအိမ်’တုန်းက ဖခင်ဖြစ်သူရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရ သေးကြောင်း လမင်းခက ပြောပါတယ်။

”ပါပါးကတော့လေ အကောင်းဘက်ကနေ ကြည့်ပေးတာထက် အမြဲတမ်း လိုအပ်ချက်တွေကို ကြည့်ပေးတာများပါတယ်။ အမှန်တကယ်တော့ လမင်းက အဲဒါ သူ့ကို တိုင်ပင်ပြီး လုပ်တာမဟုတ်ဘူး။ လမင်း မေမြို့ပြန်တုန်းက လုပ်ချင်တာ လုပ်ပစ်လိုက်တာ။ လုပ်ပြီးတော့၊ Recording တွေလည်း ဝင်ပြီးတော့မှ သူ့ကို ပြောလိုက်တယ်။ အဲဒါလုပ်ထားတယ်ဆိုပြီးပြတော့ သီချင်းရဲ့ လိုအပ်ချက်တွေကို ပြောတယ်။ ဘယ်နားဆိုရင် Timing က ဘယ်လိုဖြစ်နေတယ်။ ဂစ်တာက ဘယ်လိုဖြစ်နေတယ်။ သမီးအသံက ဘယ်လိုဖြစ်နေတယ်ဆို တာ အဲဒီလိုမျိုးတော့ထောက်ပြပါတယ်။ တစ်ခုပဲရှိတယ်။ အဲဒီ သီချင်းကို မြူးဇစ်ဗီဒီယိုလို ဖိုင်မျိုးတင်တော့ ဗီဒီယိုထဲမှာ နင်က တစ်ချိန်လုံးရယ်ပဲ ရယ်နေတယ်။ လမင်း ကလည်း ကင်မရာနဲ့ တစ်ခါမှ အသားမကျဘူးလေ။ ပထမဦးဆုံးလည်းဖြစ်တာကိုး။ နင်က ရယ်ပဲရယ် နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့တဲ့။ ယင်ဖမ်း နေတာကျနေတာပဲတဲ့။ အဲဒီလို အမှတ်တရအနေနဲ့ ပါပါးဝေဖန် တာတော့ရှိတယ်”လို့ လမင်းခက ဆိုပါတယ်။

အခုတော့ ‘ကူးကူ’ အယ်လ်ဘမ် ထွက်တာ လည်း တစ်နှစ်ရှိပြီ။ ကိုယ် ပိုင်သီချင်းတွေနဲ့သွားနေတဲ့ လမင်းခကို ဖခင်ဖြစ်သူရဲ့သီချင်း တွေကိုကော နောက်ထပ် cover အနေနဲ့ သီဆိုဖို့ ရှိဦးမလားလို့ မေးတော့ …

”ပါပါးသီချင်းလား။ သီဆိုတာတော့ ဆိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါပါး သီချင်းထဲမှာလည်း လမင်း တကယ်ကိုဆို ချင်တဲ့သီချင်းတွေ၊ ကြိုက်တဲ့သီချင်းတွေ လည်း အများကြီး ရှိတယ်။ ဒါပေမဲ့ Public ပေါ်မှာ Cover အနေနဲ့ ချပြဖို့ က လတ်တလောတော့ အစီအစဉ်မရှိပါ ဘူး”လို့ လမင်းခက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here