စီးပွားရေးနဲ့ အနုပညာအတွက် အနာဂတ်စီမံကိန်းကို ပိုင်ပိုင်နိုင်နိုင်ချမှတ်ထားတဲ့ နီနီခင်ဇော်

0
488

နီနီခင်ဇော်ဆိုလို့ရှိရင် သီချင်းဆိုကောင်းတယ်။ ထူး ခြားတဲ့အသံ ပါရမီနဲ့ပြည့်စုံတယ်။ ပရိသတ်ကြားထဲ ပျံ့နှံ့တဲ့ပေါက် သီချင်းတွေများစွာပိုင်ဆိုင်ထားတယ်။ အဲဒီအချက်တွေကို ပရိသတ် သိကြတယ်။ နောက်ပြီးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂ ကြိမ်တိုင် ကျင်းပထားပြီးဖြစ်တဲ့ အောင်မြင်တဲ့အမျိုးသမီးအဆိုတော်တစ်ဦး အဖြစ် မှတ်တမ်းထိုးထားနိုင်သူတစ်ဦးပေါ့။ ဒါက နီနီခင်ဇော်ရဲ့ အနု ပညာပိုင်းနဲ့ပတ်သက်ပြီးပါ။ စီးပွားရေးပိုင်းကို တစ်ချက်ကြည့်ကြရ အောင်။ Super Red Cosmetics က နီနီခင်ဇော်ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုဖြစ်တယ်။ အဓိကက နှုတ်ခမ်းနီပေါ့။ နှုတ်ခမ်းနီ အပြင် တခြားအလှကုန်ပစ္စည်းတွေလည်း ထုတ်လုပ်နေတယ်။ နီနီခင် ဇော်က Super Red Cosmetics အပြင် တခြားစီးပွားရေးတွေလည်း လုပ်ကိုင်နေသေးတယ်ဆိုတာ ပရိသတ်တွေ သိပ်မသိကြသေးပါဘူး။

”နီနီ အခု Spa တစ်ခုဖွင့်ထားတယ်။ အဲဒါက ဖွင့် ထားတာ ၂ နှစ်ရှိပြီ။ ဒါပေမဲ့ ပရိသတ်ကိုတော့ မပြောရသေးဘူးပေါ့နော်။ အဲဒီလုပ်ငန်းကို Establish လုပ်နေတယ်။ အခုက နေရာသစ်ပြောင်း ပြီးတော့ Spa ကို Renovation လုပ်နေတယ်ပေါ့နော်။ ပြီးသွားရင်တော့ ပရိသတ်တွေကို အွန်လိုင်းကနေ နီနီဖိတ်ခေါ်ပါမယ်။ နီနီကအလှအပပဲ စိတ်ဝင်စားတယ်။ နီနီ့ရဲ့ ‘ဂယ်ဘဲ ဂယ်ဘဲ’ သီချင်းတောင် ‘မိတ်ကပ်လိမ်းတာ ကြိုက်လား….Body Spa ကို အမြဲလိုသွားလား’ဆိုတာဖြစ်တဲ့ အတွက် အဲဒီ ၂ ခုစလုံးပါအောင် နီနီလုပ်ဖြစ်တယ်။ Spa လုပ်ငန်းလုပ်တယ်။ အလှအပလုပ်ငန်းလုပ်ဖြစ်တယ်။ နောက်ပြီးတော့ မိသားစုစီးပွားရေးလုပ်ငန်း အဖြစ် တခြားဟာလေးတွေလည်း လုပ်ဖြစ်ပါတယ်”လို့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အကြောင်း နီနီခင်ဇော်က ပြောပါတယ်။

ကိုယ်တိုင်ကော အောင်မြင်တဲ့ စီးပွား ရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီလို့ နီနီထင်လားလို့ဆိုတော့ …

”ဥပမာပေါ့။ ရွှေနန်းတော်ဆိုရင် မြန်မာနိုင်ငံမှာဆိုရင် လူတိုင်းသိတယ်။ သူ့ရဲ့စီးပွားရေးကိုလူတိုင်းသိတယ်။ စာအုပ်တွေထဲမှာဆိုရင် ရွှေနန်းတော်ရဲ့သမိုင်းကို လည်းဖတ်ရတယ်။ တခြားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သမိုင်းကိုလည်းဖတ်ရ တယ်။ နီနီက သူတို့တွေနဲ့ယှဉ်ရင် သေးသေးလေးပဲရှိသေးတယ်။ စီးပွားရေးမှာ နီနီက သိပ်မအောင်မြင်သေးဘူး။ အနုပညာမှာဆိုရင်လည်း ပြည်တွင်းမှာတော့ နီနီ့ကိုချစ်ကြတဲ့၊ ခင်ကြတဲ့ သူတွေရှိတယ်။ တခြားနေရာတွေမှာတော့ နီနီ့ကို မသိသေးဘူးပေါ့နော်။ ဆိုတော့ နီနီ့မှာ အများကြီးကြိုးစားစရာရှိပါသေးတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ကတော့ စီးပွားရေးနဲ့ အနုပညာအတွက် အနာဂတ်စီမံကိန်းကို ပိုင်ပိုင်နိုင်နိုင်ချထားပြီးဖြစ်ပါတယ်။ သူက လက်ရှိအချိန်မှာ အသက် ၂၇၊ ၂၈ နှစ် ဝန်းကျင်ရှိနေပါပြီ။

”ဘဝ Plan ကတော့ နီနီအသက် ၃ဝ ကျော်တဲ့အထိ စီးပွားရေးအလုပ်နဲ့ အနုပညာအလုပ်ကို ရေကုန်ရေခန်းလုပ်မယ်။ ၃၅ နှစ်လောက်အထိ လုပ်ပါမယ်။ နီနီလိုချင်တဲ့ အတိုင်းအတာအထိ မရောက်သေးတဲ့ အနုပညာအပိုင်းတွေရှိပါ တယ်။ အသက် ၃၅ နှစ် မတိုင်ခင်အထိ နီနီ အဲဒါတွေအားလုံးကို ဦးစားပေးပြီး လုပ်ပါမယ်။ ပြီးတဲ့အခါကျမှ တခြားအရာတွေကို စဉ်းစားပါမယ်”လို့ နီနီခင်ဇော် က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here