မမျှော်လင့်ဘဲ သရဖူဆုရရှိခဲ့တာကြောင့်စင်ပေါ်မှာ မေ့လဲကျသွားတဲ့အထိ စိတ်လှုပ်ရှားသွားခဲ့သူအလှမယ် Clara Sosa

0
238

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ Miss Grand International 2018 ပြိုင် ပွဲမှာ သရဖူဆုကို ပါရာဂွေးနိုင်ငံမှ အလှမယ် Clara Sosa က ရရှိသွားခဲ့ပါတယ်။ အလှမယ် Clara Sosa ဟာ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး အလှမယ်တစ်ဦးမဖြစ်ခင်က ပရော်ဖက်ရှင်နယ် စားဖို မှူးတစ်ဦးအနေနဲ့ ရပ်တည်ခဲ့သူပါ။ အခုလို Miss Grand International 2018 သရဖူဆုကိုရရှိမယ်လို့လည်း မမျှော်လင့်ထားခဲ့ပါဘူး။ မမျှော်လင့် ဘဲနဲ့ ဆုရရှိခဲ့တဲ့အတွက် ဖိုင်နယ်ပြိုင်ပွဲမှာ ဆုကြေညာချိန်မှာလည်း စင်ပေါ်မှာ မေ့လဲကျသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

”ပြိုင်ပွဲမှာ နောက်ဆုံးအချိန် သရဖူဆုရှင်ကို ကြေညာလိုက်တဲ့ အချိန်မှာရှော့ခ်ဖြစ်သွားတယ်။ စင်ပေါ်မှာ တကယ်ပဲပစ်လဲသွားတယ်။ အိပ်မက်မက်နေသလိုပဲ ခံစားလိုက်ရတယ်။ သူများတွေက ကိုယ့်ကိုယ် ဝိုင်းကြည့်နေကြတယ်။ အဲဒီအချိန်မှာ စကားလည်းမပြောနိုင်တော့ ဘူး။ မမျှော်လင့်ထားတဲ့အတွက်ကြောင့်ပါ။ တအားပျော်ရွှင်ရပါတယ်” လို့ Clara Sosa ပြောပါတယ်။ မြန်မာနိုင်ငံမှာလာရောက်ပြီး ပြိုင်ပွဲဝင်ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ရိုးရာ၊ ယဉ်ကျေးမှုနဲ့ အလှအပတွေကို တွေ့မြင်ရတဲ့ အတွက် နှစ်သက် သဘောကျမိ ပြီးဘဝအတွက် မမေ့နိုင်စရာ အ မှတ်တရတွေလည်း ကျန်ရစ်ခဲ့တာကြောင့် မိ သားစုနဲ့အတူ နောက်တစ်ခေါက် ပြန်လာဖို့လည်း အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

Miss Grand International 2018 အလှမယ် တစ်ဦးအနေနဲ့ မကြာမီထိုင်းနိုင်ငံကို သွား ရောက်ဖို့ရှိသလို Organization နဲ့အတူ အနည်းဆုံး ၁၅ နိုင်ငံကိုသွားရောက်လည်ပတ်ဖို့လည်း အစီအစဉ်ရှိပါ တယ်။ အလှမယ်တစ်ဦးအနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွား မယ့် အစီအစဉ်များနဲ့ပတ်သက်ပြီး Clara Sosa က….

”ဒီသရ ဖူကိုရရှိပြီး နောက်မှာလည်း Miss Grand က အကောင်အထည် ဖော်နေတဲ့စစ်ပွဲနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရေးခေါင်း စဉ်အောက် မှာ စိတ်ရောကိုယ်ပါ အားတက်သရောပါဝင်ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

Clara Sosa က Miss Grand International 2018 တစ်ယောက် အနေနဲ့ အလှမယ်တစ်ဦးထမ်းဆောင်ရမယ့် တာဝန်တွေ ပြီးရင်တော့ သူ့ နိုင်ငံကို ပြန်ပြီး စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ချင်တဲ့ဆန္ဒရှိနေသူပါ။ Miss Grand International 2018 ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ က The One Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး သရဖူဆုကို ပါရာဂွေးအလှမယ်၊ 1st Runner Up ဆုကို အိန္ဒိယအလှမယ် နဲ့ 2nd Runner Up ဆုကို အင်ဒိုနီးရှား အလှမယ်တို့က အသီးသီးဆွတ်ခူးသွားခဲ့ကြပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here