အမြွှာသမီးလေး နှစ်ယောက်ကို ပိုင်ဆိုင် ထားတဲ့မိခင်ဖြစ်သူချစ်သုဝေရဲ့ ခံစားမှုပီတိ

0
428

အဆိုတော် သရုပ်ဆောင် ချစ်သုဝေ ကတော့ ပရိသတ်တွေရဲ့ အချစ်ကို သူ တစ်ယောက်တည်းရရှိထားရုံမဟုတ်ဘဲ သူ့ရဲ့ အâမွှာသမီး လေးတွေဖြစ်တဲ့ မေမြန်မာ ခေတ်နဲ့ မေမြန်မာသစ်တို့ကပါပရိသတ် အချစ်တော်လေးတွေ ဖြစ်လို့နေပါတယ်။ အမြွှာသမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေ၊ ခံစား မှုပီတိတွေ အကြောင်း မေးမြန်းကြည့် တဲ့အခါ ချစ်သုဝေက အခုလို ပဲ ပြောပါတယ်။

”မိခင်တစ်ယောက်အနေနဲ့ ဖြတ်သန်းရ တဲ့ အတွေ့အကြုံဟာ တအားပင်ပန်းတယ်။ တအားလည်း ပျော်ရွှင်ရပါတယ်။ ခေတ်နဲ့ သစ်ကတဖြည်းဖြည်းနဲ့ အရွယ်ရောက်လာ တော့ပင်ပန်းလာတာပေါ့နော်။ ဒါပေမဲ့ လည်းပျော်ပါတယ်။ သူတို့ရဲ့ထူးခြားချက် လေး တွေကို ပြသတဲ့အခါလည်း မိခင် တစ်ယောက်အနေနဲ့သြော် …ငါ့သမီးလေး တွေကဒီလိုမျိုးအမူအရာလေးတွေ လုပ်ပြ တတ် ပြီပေါ့ဆိုပြီး ဝမ်းသာပီတိဖြစ်မိ တယ်။ တစ်ခါတလေကျတော့လည်း အသက်အရွယ် လေးတွေက တဖြည်းဖြည်းနဲ့ ကြီးလာမှာ ဆိုတော့ စိတ်မချ ဖြစ်မိတယ်။ အခုဆို ခေတ်လေးနဲ့ သစ်လေးက တအားထူးခြားလာ တယ်။ တစ်ယောက်နဲ့ တစ်ယောက် စကား တွေ ပြောနေကြပြီ။ သူတို့ကို ကြည့်ပြီး ပီတိ တွေတအားဖြစ်မိပါတယ်။ ကိုလင်းက ကလေးတွေကိုပိုပြီးတော့ လွတ်လွတ်လပ် လပ်လေးဆက်ဆံတယ်။ အစ်မကကျတော့ အဲဒီလိုမျိုးမလုပ်ပေးတတ်ဘူး။ နည်းလမ်း ကျကျ၊ စနစ်တကျနဲ့ပဲ သွားဖြစ် တာဆိုတော့ အဲဒီလိုမျိုး အပိုင်းတွေ ကျတော့ ကိုလင်းက အားသာတယ်” လို့ ချစ်သုဝေက ပြောပြခဲ့ပါ တယ်။

ချစ်သုဝေဟာ လတ်တလောမှာ သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်း ခွေတစ်ခွေကို စီစဉ်နေတယ်လို့ သိရ ပါတယ်။

သရုပ်ဆောင် ချစ်သုဝေက သူရဲ့ ပရိသတ်တွေကို အဆိုပိုင်းနဲ့ ချပြခွင့်မရတာ ၈ နှစ်ကျော်ရှိပြီပဲဖြစ် ပါတယ်။ လာမယ့် ဇန်နဝါရီလမှာတော့ ပရိသတ်တွေအတွက် သီချင်းခွေတစ်ခွေထွက်ရှိဖို့စီစဉ်နေတယ်ဆိုတာကို ”ပရိသတ်တွေ အတွက်သီချင်းတွေ ပြင်ဆင်နေပါတယ်။ တေးရေးဆရာတွေက ကို လင်းတို့လည်း ပါတယ်။ ကိုဝေလတို့ လည်းပါတယ်။ ကျန်တဲ့ သူတွေကော ပါပါသေးတယ်။ သီချင်းလေးက စုစုပေါင်း ၁ဝ ပုဒ်လုပ်ထားတယ်။ ကိုလင်း က င်္ောငူပှသညါ ဆိုပြီး တစ် ပုဒ်လုပ်ဖို့တော့ ပြောနေတယ်။ တ ကယ်လို့ လုပ်ဖြစ်ရင်တော့ ၁၁ ပုဒ် ပေါ့နော်။ အခုထိတော့ ကိုလင်းလုပ် မလားဆိုတာပဲမျှော်နေတယ်။ င်္ောငူပှသညါ ဆိုတော့လည်း အမှတ်တရဖြစ်တာ ပေါ့”လို့ ချစ်သုဝေက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here