မင်းတုန်းမင်း နတ်ပြည်စံသက် နှစ် ၁၄ဝ မြောက် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်း

0
356

ရတနာပုံ၊ မြို့တည်နန်းတည် မင်းတုန်း မင်းတြားကြီး နတ် ပြည် စံသက်နှစ် ၁၄ဝ မြောက်အဖြစ် မတ ကဘတ်ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းနှင့် ဝါတော်၊ သက်တော်ကြီးသော ဆွေတော် မျိုးတော်များအား ပူဇော် ကန်တော့ပွဲအခမ်းအနားအား အောက် တိုဘာလ ၁၅ ရက်နံနက် ၉ နာရီက မန္တလေးမြို့အောင်မြေ သာစံမြို့နယ်၊ နန်းမြို့တွင်းရှိ မြနန်းစံကျော်ေ ရွှ နန်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

‘ ဒီနေ့ကျင်းပတဲ့အခမ်းအနား ကတော့ မင်းတုန်းမင်းတြားကြီး နတ် ပြည်စံတဲ့ နှစ် ၁၄ဝ မြောက်နှစ်ပတ် လည်အထိမ်းအမှတ် ဆွမ်းဆက်ကပ် တဲ့ပွဲပါပဲ။ ဒါကိုတော့ သေသူ အတွက် ရည်စူးပြီးကပ်တဲ့ပွဲဖြစ်တဲ့ အတွက် မတကဘတ်ဆွမ်းကပ်တာ လို့ခေါ်ပါတယ်။ ဒီပွဲပြီးရင်တော့ သက်တော်၊ ဝါတော်ကြီးတဲ့ဆွေတော် မျိုးတော်တွေကို ပူဇော်ကန်တော့ပွဲ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ယခုနှစ်မှာ မင်းတုန်းမင်း၊ ကနောင် မင်း၊ သီပေါမင်းတို့ရဲ့ သက်တော် ၇ဝ နှစ်နှင့် အထက် မြစ်တော် ၂၆ ပါး၊ တီတော် ၄၆ ပါး၊ စုစုပေါင်း ၇၂ ပါး ပူဇော်ကန်တော့ဖို့ စာရင်းကြေညာ ပြီးသော်လည်း မြစ်တော် နှစ်ပါးကွယ် လွန်သွားတဲ့အတွက် အပါး ၇ဝ သာ ပူ ဇော်ကန်တော့ရမှာ ဖြစ်ပါတယ်” ဟု ကုန်းဘောင်ဆက်မောင်နှမများအဖွဲ့ မှ ကိုထိပ်တင်အောင်က ပြောသည်။

ရှေးဦးစွာအခမ်းအနားတွင် မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသထံမှ ငါးပါးသီလ ခံ ယူဆောက်တည်၍ မင်းတြားကြီး၏ တီတော်ဖြစ်သူ ထိပ်တင်အောင်မှ အခမ်းအနားကျင်းပ ပြုလုပ်ရခြင်း အကြောင်းအား လျှောက်ထားတင် ပြရာ အနောက်ခင်မကန်တိုက်၊ မိုး တားကျောင်း ဆရာတော် ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဝဋံသကာ ဘဒ္ဒန္တသူရိယာ ဘိဝံသက သြဝါဒကထာချီးမြှင့်မိန့် ကြားခဲ့သည်။

ထို့နောက် ဆွေတော်မျိုးတော် များစုပေါင်း၍ သံဃာတော်အရှင် သူမြတ်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုအတွက် ဆရာတော် ဘဒ္ဒန္တဝါ သေဋ္ဌာဘိဝံသထံမှ ရေစက်ချတရား နာယူကြည်ညိုခဲ့သည်။ ထို့နောက် ဆွေတော်မျိုးတော်များက ဆရာ တော်သံဃာတော်များကို ဆွမ်းဆန် စိမ်း စုပေါင်းလောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။ထို့ပြင် ဝါတော်၊ သက်တော်ကြီးသော ဆွေ တော်၊ မျိုးတော်များအား ပူဇော်ကန် တော့ပွဲကိုလည်း ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here