စီးပွားရေးဘက်မှာ အချိန်ပိုပေးဖြစ်နေတဲ့ သရုပ်ဆောင် နေမင်း

0
373

သရုပ်ဆောင်နေမင်းကတော့ လတ်တလောမှာ အနုပညာ လှုပ်ရှားမှုတွေ နည်းပါးနေပြီး ပရိသတ်နဲ့ အနည်းငယ်အလှမ်းဝေးနေပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေကို အရင်လို အများကြီး မလုပ်ဖြစ်တော့ဘဲ စီးပွား ရေးဘက်ကို အချိန်ပိုပေးဖြစ်နေတယ်လို့ နေမင်းက ဆိုပါတယ်။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးတွေကို လုပ်ကိုင်နေသလဲလို့ မေးမြန်းကြည့်တဲ့ အခါ နေမင်းက အခုလိုပြောပါတယ်။

”အစ်ကိုတို့အိမ်မှာ အစ်ကို့ရဲ့ကိုကြီးက ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ် ရေးကပါ။ ကိုလတ်က Royal Golden Power ဆိုပြီး ဆောက်လုပ်ရေးတွေ လုပ်ဖြစ်ခဲ့တယ်ပေါ့နော်။ အဲဒီတော့ အရင်ကတည်းက ဒီနှစ်ခုစလုံးကို စီးမျော ပြီးလုပ်နေရတာပေါ့။ အရင်တုန်းကရုပ်ရှင်ရိုက်ကူးတဲ့ အချိန်မှာကျတော့ ၁ဝဝ ရာခိုင်နှုန်း အလုပ်ထဲကို ထဲထဲဝင်ဝင်မရောက်ဖြစ်ဘူး။ အပေါ်ယံပွဲတွေသွား တာတို့ လာတာတို့ အဲဒီလောက်ပဲလုပ်ဖြစ်တယ်။ လုပ်ငန်းကိစ္စ သွားဆွေးနွေး တာတို့ နိုင်ငံခြားသွားတာတို့ဆို လိုက်သွားဖြစ်တယ်။ အခုကျတော့ ဒီဘက်ရုပ်ရှင်က နည်းနည်း လေး အချိန်ပိုထွက်လာတဲ့ အချိန်ကျတော့ လုပ်ငန်းခွင်မှာ ၁ဝဝ ရာခိုင်နှုန်းဝင်ပြီးတော့ လုပ်ငန်းလည်ပတ်ဖြစ်တယ်။ အဲဒီသဘောလေးနဲ့ စီးပွားရေးပိုင်းကို လုပ်နေပါတယ်။ ကိုကြီးရဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေမှာဝင်ပြီးတော့ လုပ်နေတာပေါ့နော်။ အခုဆို အချိန်အများကြီးရသွားတာ ဖြစ်တဲ့အတွက် စီးပွားရေးပိုင်းတွေမှာ အချိန်တွေပိုပေးဖြစ်တယ်”လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း နေမင်းက…

”ဇာတ်ကားတွေ ရိုက်ကူးတာတော့ရှိပါတယ်။ ဒီကြားထဲမှာ ကြုံရင်ကြုံသလို ရိုက်ကူး ဖြစ်တယ်။ အရင်လိုမျိုးတော့ အမြဲတမ်းမရိုက်ကူးဖြစ်တော့ဘူး။ နောက်တစ်ခုက ကိုယ့်ကို လာငှားတဲ့ ဇာတ်ကိုလည်း ကိုယ်နဲ့နှစ်သက်လား၊ ကိုယ့်စိတ်က ကြိုက်လား၊ ပြီးတော့ ကိုယ့် ပရိသတ်ကလက်ခံနိုင်လားဆိုတာ ရွေးချယ်မှုနဲ့ပဲ အစ်ကိုဇာတ်ကား ရွေးချယ်မှုတွေလုပ်ဖြစ် တယ်။ ရွေးချယ်မှုတွေလုပ်တဲ့အချိန်မှာလည်း ဟာသနဲ့ ကိုယ်နဲ့က မလိုက်ဘူး။ မလိုက်တော့ မရိုက်ကူးဖြစ်ဘူး။ နောက်တစ်ခုက ဇာတ်အရရော ဘာကျန်မလဲပေါ့။ ပရိသတ်က ရွေးချယ်ပြီး ကြည့်လာတဲ့ အခြေအနေမျိုးမှာမှ မတင်ဆက်ဘူးဆိုရင် ကိုယ့်အနုပညာက ကောင်းမွန်တဲ့ အနုပညာမဖြစ်လာနိုင်သလို ကြည့်တဲ့ပရိသတ်လည်း တန်ဖိုးနိမ့်သွားနိုင်တယ်လို့ အစ်ကိုစဉ်း စားမိတယ်။ အဲဒီအတွက်ကြောင့် တော်တော်များများ အခုနောက်ပိုင်းမရိုက်ကူး ဖြစ်တာ ပါတယ်” လို့ နေမင်းက ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here