အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး သားသမီးအတွက်ပဲ အချိန်ပေးဖြစ်နေတဲ့ဆုမြတ်ရွှေစင်

0
396

တစ်ချိန်က သရုပ်ဆောင်မော်ဒယ်လ်တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ ဆုမြတ်ရွှေစင်က အခုအချိန်မှာတော့ မိသားစုဘဝလေးကိုတည်ဆောက် နေပြီး အနုပညာဘက်ကို အချိန်မပေးဖြစ်တော့ပါဘူး။ ရင်သွေးနှစ်ဦးရဲ့ မိခင်လည်းဖြစ်နေပြီး သားလေးလင်းထွန်းမြင့်မြတ်က အသက် ၈ နှစ်၊ သမီးလေးအမရာဆုမြတ်ကတော့ ၅ နှစ်အရွယ်ရှိပါပြီ။ အနုပညာကို ဝါသနာပါပေမယ့်လည်း သားသမီးတွေအတွက်ကိုပဲ အချိန်ပေးဖြစ် နေတယ်လို့ဆိုတဲ့ ဆုမြတ်ရွှေစင်က …

”အနုပညာအလုပ်တွေကတော့ အရင်လို မလုပ်ဖြစ်တော့ပါဘူး။ သားသားမီးမီးတွေကိုပဲ အချိန်ပေးဖြစ်ပါတယ်။ အစ်မကိုယ်တိုင် ဝါသနာပါတဲ့အလုပ်ကိုစွန့်လွှတ်ပြီး သူတို့တွေအတွက် ဘာလိုမလဲပဲ ဂရုစိုက်တယ်။ ဒီဘက်မှာ မရိုက်ဖြစ်ပေမယ့်လို့ ကိုယ်ဝါသနာပါတဲ့ အားကစားသင်တန်း Gym ဖွင့်တာမျိုး၊ အခုတလောဆိုရင် သူတို့ ကြိုက်မယ့်အစားအသောက် မုန့်မျိုးစုံသင်တန်းတက်တယ်၊ မုန့် တွေလုပ်ဖြစ်နေတယ်။ သားသားတို့ ကြိုက်တာတွေကို ကိုယ်တိုင် လုပ်ကျွေးရတဲ့အတွက် ပီတိဖြစ်ရတယ်”လို့ အနုပညာ အလုပ်တွေ မလုပ်ကိုင်ဖြစ်တော့တဲ့အကြောင်း ဆုမြတ်ရွှေစင်က ပြောပါ တယ်။

မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို အကောင်းဆုံးတွေပဲဖြစ်စေချင်ကြတာပါ။ သားနဲ့သမီးရဲ့ ဝါသနာတွေနဲ့ပတ်သက်ပြီး ဆုမြတ် ရွှေစင်က …

”အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ် စေချင်တာပေါ့။ သူတို့တွေကလည်း ဝါသနာပါတယ်။ ဒါပေမဲ့ အစ်မအခုလောလောဆယ်မှာတော့ ပညာရေးကို ပိုပြီးဦးစားပေးတယ်။ သမီးငယ်လေးဆိုရင် ဓာတ်ပုံရိုက် တာတွေ အိုက်တင်လုပ်တာတွေက ကိုယ့်ထက်တောင်မှ ကျော်သွားပြီ။ ကိုယ်တောင်မသိတော့ဘူး။ ပြန်ငေး နေရတယ်”လို့ ပြောပါတယ်။ ဆုမြတ်ရွှေစင်က အနု ပညာလောကသားတွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟ အဖွဲ့မှာပါဝင်ပြီး ကိုယ့်ရဲ့လောကသားတွေနဲ့အတူ အလှူ အတန်းပြုလုပ်ခဲ့ပါတယ်။ အနုပညာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်လည် တွေ့ဆုံတဲ့အခါမှာတော့ အနုပညာလောကကို သတိရပါတယ်လို့ဆိုပါ တယ်။ အခုခေတ်မှာတော့ ရုပ်ရည်ချောမောလှပတဲ့လူတွေ ပိုများလာ သလို သရုပ်ဆောင်တွေ လည်း ပိုများလာပြီး အရင်ခေတ်က လောက် အခက်အခဲသိပ်မရှိတော့ဘူးလို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here