ဂီတမှူး ဂျွန်ဝီလျံရဲ့ ဂီတပွဲစဉ်တွေ ရုတ်တရက်ဖျက်သိမ်းလိုက်ရ

0
161

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ စတားဝါး၊ ဟယ်ရီပေါ်တာ အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အဓိကဇာတ်ပို့ဂီတတွေကို ဖန်တီးခဲ့ တဲ့ ဂီတပညာရှင် ဂျွန်ဝီလျံရဲ့ လန် ဒန်နဲ့ သြစတြီးယားမှာ ကျင်းပမယ့် ဂီတပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတယ် လို့ အောက်တိုဘာလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အသက် ၈၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဂီတပညာရှင်ရဲ့ ဂီတသံစုံ ဖျော်ဖြေပွဲကြီးကို လန်ဒန်မြို့က တော်ဝင်အဲလ်ဘတ် ခန်းမဆောင် ကြီးမှာ အောက်တိုဘာလ ၁၉ ရက် သောကြာနေ့က ကျင်းပဖို့ စီစဉ် ထားပြီး နောက်ဆုံးမိနစ်ရောက်ကာ မှ ကျန်းမာရေးအခြေအနေကြောင့် ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ အလား တူ နောက်ထပ်ပွဲတွေပါ ဆက်တိုက် ရွှေ့ကုန်ပြီဆိုတဲ့အကြောင်း အောက် တိုဘာလ ၂၅ ရက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် ဖျက်လိုက်ရတဲ့ပွဲတွေထဲမှာ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ တွေမှာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာ မြို့မှာ ကျင်းပမယ့်ပွဲတွေပါဝင် ကြောင်းလည်း သိရပါတယ်။

Ref:BBC


LEAVE A REPLY

Please enter your comment!
Please enter your name here