မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ထရေစီချက်ပ်မန်းက နစ်ကီမင်နာ့ခ်ျ ကို တရားစွဲ

0
208
NEW YORK, NY - SEPTEMBER 11: Rapper Nicki Minaj attends the Oscar De La Renta front Row during New York Fashion Week: The Shows at Spring Studios Terrace on September 11, 2018 in New York City. (Photo by Dimitrios Kambouris/Getty Images for NYFW: The Shows) Tracy Chapman attending the 35th Kennedy Center Honors at Kennedy Center in Washington, D.C. on December 2, 2012 (Photo by Walter McBride/Corbis via Getty Images) Dimitrios Kambouris/Getty; Walter McBride/Corbis/Getty

ဂရမ်ဆုရှင် တေးသံရှင် ထရေစီ ချက်ပ်မန်းက အမေရိကန်ရက်(ပ်)ပါ နစ်ကီမင်နာ့ခ်ျကို စတင်တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။

အကြောင်းကရက်(ပ်)ပါ နစ်ကီ မင်နာ့ခ်ျနဲ့ သူ့ရဲ့ကိုယ်စားလှယ်တို့ နှစ်ဦးဟာပြီးခဲ့တဲ့ ဇွန်လက ထရေစီ ချက်ပ်မန်းဆီကိုရောက်လာကြပြီး ထ ရေစီချက်ပ်မန်းရဲ့ “Baby, can I hold you ” သီချင်းကိစ္စကို ဆွေးနွေးခဲ့ကြ တယ်လို့သိရပါတယ်။ ထရေစီဘက် ကတော့ အဲဒီသီချင်းကိုသုံးစွဲထား ခြင်းနဲ့ပတ်သက်ပြီး သဘောမတူနိုင် ကြောင်း ပြောဆိုငြင်းလွှတ်ခဲ့တယ်လို့ လည်း သိရပါတယ်။ အလားတူစွာပဲ သြဂုတ်လက နောက်ဆုံးထုတ်ခဲ့တဲ့ နစ်ကီမင်နာ့ခ်ျရဲ့ “Queen” လို့ အမည်ရှိတဲ့ တေးအယ်လ်ဘမ်ထွက်ရှိ လာချိန်မှာတော့ အဆိုပါသီချင်းပါဝင် လာခြင်း မရှိတော့ပါဘူး။

ထရေစီကတော့ ခွင့်ပြုချက်မယူ ဘဲ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲလိုက်တာပါ။ ဒီအမှု ကိစ္စကိုတော့ နစ်ကီမင်နာ့ခ်ျက ဒီနေ့အထိ ဘာမှတုံ့ပြန်ပြောဆိုတာ မျိုး မရှိသေးဘူးလို့ သိရပါတယ်။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here