ပရီယန်ကာချိုပရာ နဲ့အဆိုတော် နစ်ဂျိုနပ်တို့ရဲ့ မင်္ဂလာပွဲ မွမ်ဘိုင်းမှာကျင်းပမည်

0
181

ဘောလိဝုဒ်မင်း သမီးချော ပရီယန် ကာချိုပရာနဲ့ အဆို တော်နစ်ဂျိုနပ်တို့ ချစ်သူနှစ်ဦး လာမယ့် ဒီဇင်ဘာလမှာ လက် ထပ်မင်္ဂလာပွဲကျင်းပ ဖို့ရှိတယ်ဆိုတဲ့သတင်းကို ကာယကံရှင်ကိုယ်တိုင် အောက်တိုဘာလ ၂၅ ရက် နေ့က အတည်ပြုလိုက်တယ် လို့ သိရပါတယ်။

သူတို့ချစ်သူနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ နှစ်ဖက်မိဘတွေရှေ့မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာဖြစ် ပြီး သုံးလအကြာမှာ မင်္ဂလာသတင်းကို ကြားရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ မင်္ဂလာပွဲကိုတော့ အိန္ဒိ ယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ရိုးရာမင်္ဂလာပွဲပုံစံအတိုင်း ကျင်းပသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သူ့ချစ်သူနစ်ရဲ့ ရိုးရာအစဉ်အလာကိုလည်း လိုက်နာပြီး မင်္ဂလာပွဲကို နှစ်ဖက်ထုံးတမ်းအစဉ်အလာ တွေနဲ့အညီ မျှမျှတတပြုလုပ်သွားမယ့်အကြောင်း ပြီး ခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းလောက်က ယူအက်စ်ဝီး ကလီးကို ပရီယန်ကာ ချိုပရာက ပြောထားခဲ့ပြီးသားပါ။

လက်ရှိမှာ ဘောလိဝုဒ်ကြယ်ပွင့် ပရီယန်ကာ ချိုပရာက အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး အမေရိကန် အဆိုတော် သရုပ်ဆောင်၊ တေးဂီတ ထုတ်လုပ်သူ နစ်ဂျိုနပ်ကတော့ အသက် ၂၆ နှစ် အရွယ်ရှိပါပြီ။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here