Park Bo Gum နဲ့ ဇာတ်လမ်းတွဲသစ်ရိုက်ကူးမယ့် Song Hye Kyo

0
175


မကြာခင်ကမှ မင်္ဂလာဆောင်သွားတဲ့ မင်းသမီးချောလေး Song Hye Kyo ဟာ မင်းသား Park Bo Gum နဲ့ ဇာတ် လမ်းတွဲ ရိုက်ကူးဖို့ လက်ခံလိုက်ပါပြီ။

tvN ရဲ့ တာဝန်ရှိသူ Boyfriend ဇာတ်လမ်းတွဲကို နိုဝင်ဘာ ၂၈ ရက်ကနေစပြီး ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များမှာ tvN ကနေ စတင်ပြသသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Boyfriend ဇာတ်လမ်းတွဲက အချစ်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တခြားနာမည်ကြီး မင်းသားမင်းသမီးဖြစ်တဲ့ Cha Hwa Yeon? Go Chang Seok ၊ Shin Jung Geun တို့အပြင် တခြား သရုပ်ဆောင်များလည်း ပါဝင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာပြသမှာဆိုတော့ စောင့်ကြည့်ဖို့မမေ့နဲ့နော်…


LEAVE A REPLY

Please enter your comment!
Please enter your name here