သားလေးနှစ်ယောက်လည်းရပြီဆိုတော့ ဘဝမှာ အမှတ်တရ လေးတွေ ဖြစ်ချင်တယ် Rဇာနည် နဲ့ ဝမ်း

0
331

အဆိုတော် Rဇာနည်နဲ့ မော်ဒယ်လ်ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ က ချမ်းမြေ့ရိပ်သာကျောင်းမှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး သူတို့ရဲ့နှစ်ဖက်မိဘဆွေမျိုးသားချင်း စုံလင်စွာနဲ့ ၁၅ နှစ်ပြည့်နှစ်ပတ်လည်နေ့ပွဲအခမ်းအနားမှာ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း သူတို့ရဲ့မင်္ဂလာနှစ် ၁၅ နှစ်ပြည့် အတွက် ချစ်ရတဲ့အနုပညာရှင်များနဲ့အတူ LOTTE ဟိုတယ်မှာ ဧည့်ခံပွဲကျင်းပခဲ့ပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံဟာဆိုရင် အနုပညာရှင်တွေအပြင် အခြားပရိသတ်တွေကပါ အားကျကြရတဲ့ မိသားစုလေးတစ်ခုလည်းဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ပွဲမှာဆိုရင် အနုပညာရှင်စုံတွဲ တွေ ခင်မင်ရင်းနှီးစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီး ကြည်နူးပျော်ရွှင်ဖွယ် ညလေးတစ်ည ဖြစ်ခဲ့ပါတယ်။ ညစာစားပွဲဆိုပေမယ့် ရိုးရိုးစင်းစင်းပြီးဆုံးသွားမယ့် ပွဲတစ်ခုလို မဟုတ်ဘဲ အချစ်အဓိပ္ပာယ်တွေ ပြည့်နှက်နေတဲ့အပြင် အဆင်တွေက Rဇာနည်နဲ့ ဝမ်းတို့ရဲ့ ခမ်းနားလှပတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ဖော်ကျူးနေသလိုပါပဲ။ ဒီလို ခမ်း နားတဲ့ပွဲလေးတစ်ပွဲလုပ်ဖြစ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး Rဇာနည်က အခုလို ပြောပါတယ်။

 

”ဒီပွဲလေးကတော့ ကျွန်တော်တို့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်လည်းပါတယ်။ ပြီးတော့ လစ်ဗိုလင်ဖို့ကလည်း ကျွန်တော်တို့ နောက်တစ်ကြိမ် Brand Ambassador ခန့်အပ်ခြင်းခံရတဲ့အတွက် သူတို့ဘက်ကလည်း ဝိုင်းပြီးပံ့ပိုးပေးရင်းနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ရှင်းရှင်းပြောရရင် ငယ်ငယ်လေးကတည်းက ခိုးပြေးတယ်။ ဘုန်းကြီးဆွမ်းကပ်တယ်။

 

တရားရုံးမှာလက်မှတ်ထိုးတယ်။ ဒီအစီအစဉ်ပဲရှိခဲ့တာကိုး။ ပြီးတော့ မင်္ဂလာနှစ်ပတ်လည်တွေမှာ ဘုန်းကြီးဆွမ်း ကပ်တာလည်းရှိခဲ့တာ ပေါ့။ အခုက သားလေးနှစ်ယောက်လည်းရပြီဆိုတော့ ဘဝမှာ အမှတ်တရလေးတွေဖြစ်ချင်တယ်။ အဲဒီ အတွက် ချစ်ခင်ရတဲ့ မိတ်ဆွေတွေအတွက် ဧည့်ခံပွဲလေးလုပ်ဖြစ်ခဲ့တာပါ”လို့ Rဇာနည်က ပြောပါတယ်။

အချစ်ရနံ့တွေနဲ့ ပြည့်နှက်နေတဲ့ ဧည့်ခံပွဲလေး လုပ်ဖြစ်တဲ့အတွက် တအားကျေနပ်နေတဲ့အကြောင်းကို လည်း ဝမ်းက . . .

”အရင်နှစ်တွေတုန်းက အစ်မတို့က ဘုန်းကြီးကျောင်းမှာပဲဆွမ်းကပ်တာပေါ့။ သူနဲ့တိုင်ပင်ပြီး ၁ဝ နှစ်ပြည့်ရောက်ရင် ဒီလိုပွဲလေး လုပ်မယ်ပေါ့နော်။ ၁ဝ နှစ်ပြည့်မှာ မလုပ်ဖြစ်ဘဲ ၁၅ နှစ်ပြည့်ရောက် လာတော့ ပွဲလုပ်ဖြစ်သွားတာပေါ့။ ဒီလိုမျိုးလေးလုပ်ဖြစ်တဲ့အတွက် တအားကျေနပ်မိတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here