ရုပ်ရှင်စက်မှုလုပ်သားများနှင့် လူကြမ်းသရုပ်ဆောင်များအတွက် မတော်တဆထိခိုက်မှု အာမခံထားရှိခြင်း ကိစ္စအပေါ် သရုပ်ဆောင်နိုင်လူရဲ့ သုံးသပ်ချက်

0
1048

ရုပ်ရှင်စက်မှုလုပ်သားများ (က ရိန်း၊ ထော်လီ၊ မီးစက်၊ ယမ်းလုပ် သားအပါအဝင်)နှင့် လူကြမ်းသရုပ် ဆောင်များအနေဖြင့် လုပ်ငန်းခွင် အတွင်း မတော်တဆထိခိုက်မှုဖြစ်ခဲ့ပါက အာမခံအကာအကွယ်ရရှိနိုင်စေရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက CB Insurance နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်မှုလုပ်သားများ လူကြမ်း သရုပ်ဆောင်များအားလုံးအတွက် အာမခံထားရှိပေးနိုင်ရေးမှာ လူဦး ရေများပြားလွန်း၍ ဆောင်ရွက်ပေး နိုင်ခြင်း မရှိသေးဘဲ နယ်ထွက်ရိုက် ကူးကြမည့် စက်မှုလုပ်သားများနှင့် လူကြမ်းသရုပ်ဆောင်များအတွက် သာ နယ်ထွက်ရိုက်ကူးချိန်အတွင်း အာမခံထားရှိပေးနိုင်ကြောင်း၊ အာမ ခံအကာအကွယ်ရရှိခံစားနိုင်စေရန် နယ်ထွက်ရိုက်ကူးကြမည့် စက်မှုလုပ် သားများနှင့် လူကြမ်းသရုပ်ဆောင် များအနေဖြင့် (က) ရုပ်ရှင်အစည်း အရုံးဝင်ကတ် မိတ္တူ၊ (ခ) နိုင်ငံသား အသိအမှတ်ပြုလက်မှတ် (မှတ်ပုံ တင်) မိတ္တူ၊ (ဂ) နယ်ထွက်ရိုက်ကူး မည့် ဇာတ်ကားကုမ္ပဏီနှင့် ဒါရိုက် တာအမည်၊ (ဃ) စတင်ထွက်ခွာမည့် ရက်နှင့် ပြန်ရောက်မည့် နေ့ရက်တို့ အား နယ်မထွက်ခင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပေးပို့မှတ်တမ်း တင်ရန် လိုအပ်ကြောင်းလည်း သိရသည်။

အဆိုပါ အာမခံထားခြင်းကိစ္စ ရပ်နှင့်ပတ်သက်ပြီး လူကြမ်းသရုပ် ဆောင် နိုင်လူက ”ဒါက ဝမ်းသာစရာ သတင်းပါပဲ။ မင်္ဂလာရှိတဲ့သတင်း ပေါ့။ ရုပ်ရှင်အစည်းအရုံးက လူကြီး တွေကော CB ဘဏ်ကိုရော ကျေးဇူး တင်ပါတယ်။ တစ်ခုက အဲဒီထုတ်ပြန် ချက်ထဲမှာ ရေးထားတာ လူကြမ်း သရုပ်ဆောင်တွေက များပြားလွန်း တာကြောင့် အကုန်လုံးကို အာမခံ ပေးဖို့ မဖြစ်နိုင်ပါဘူးဆိုတော့ အစ်ကို တို့ လူကြမ်းသရုပ်ဆောင် တစ်ထောင် မရှိပါဘူး။ အများဆုံးရှိရင် သုံး၊ လေး ရာပေါ့လေ။ ဒီလောက်ပဲရှိမယ်လို့ပဲ ထင်တာပဲ။ ပြီးတော့ ရန်ကုန်မှာ ထိ ခိုက်ဒဏ်ရာရခဲ့ရင်တော့ အာမခံ မပေးနိုင်ဘူးဆိုပြီးလည်း ရေးထား တယ်။ ထိခိုက်ဒဏ်ရာရတယ် မရဘူး ဆိုတာကတော့ အချိန်ကာလနေ ရာဒေသဆိုတာက သတ်မှတ်ချက်မရှိ ဘူးလေ။ ရန်ကုန်မှာလည်း ထိခိုက် ဒဏ်ရာရနေကြတဲ့ လူကြမ်းသရုပ် ဆောင်လေးတွေ ရှိနေတာပဲလေ။ နယ်တို့ ရန်ကုန်မှာရယ်မှ မဟုတ်ဘူး လေ။ တကယ်လို့ တတ်နိုင်မယ်ဆို ရင်တော့ နယ်ရော ရန်ကုန်ရောမှာ ဘယ်နေရာဘယ်ဒေသမှာပဲ ရိုက်ရိုက် မတော်တဆထိခိုက်ဒဏ်ရာတွေရခဲ့တယ်ဆိုရင် အာမခံပေးတယ်ဆိုတာ လေးဖြစ်ရင် ပိုကောင်းတာပေါ့လေ” ဟု ပြောသည်။

အထက်ပါအထောက်အထား များကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း ၍ ဖြစ်စေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးသို့ အချိန်မီပေးပို့စာရင်း ပေးသွင်းမှသာလျှင် အာမခံရရှိနိုင် မည်ဖြစ်ပြီး အာမခံကိစ္စသည် နယ် ထွက်ရိုက်ကူးစဉ်ကာလအတွင်းသာ အကျုံးဝင်မည်ဖြစ်၍ ပြန်လည် ရောက်ရှိခဲ့ပါက သက်တမ်းကုန်ဆုံး မည်ဖြစ်ကြောင်း၊ မတော်တဆထိ ခိုက်မှုဖြစ်ခဲ့ပါက ဖြစ်စဉ်ကို ဖော်ပြပြီး ဒဏ်ရာရထားသော ဓာတ်ပုံများနှင့် နီးစပ်ရာ ဆရာဝန်၊ ကျန်းမာရေးဝန် ထမ်းများ၏ ဆေးကုသမှုမှတ်တမ်းနှင့် တကွ ရုပ်ရှင်အစည်းအရုံးသို့ Viber ဖြင့် အမြန်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here