တစ်ဖက်သက်သေ မခိုင်လုံလို့  မင်းသားကြီး စတောလုန်း ရဲ့ လိင်မှုဆိုင်ရာအမှု ပြီးပြတ်တော့မယ်လို့ဆို

0
170

ပရိသတ်တွေ ချစ်ခင်နှစ်သက်ကြတဲ့ ရမ်ဘိုလို့ခေါ်တဲ့ ဆီလ်ဗက်စတာ စတောလုန်း လက်ရှိရင်ဆိုင်နေရတဲ့ လိင်မှုဆိုင်ရာပြစ်မှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သက်သေအထောက်အထားတွေ မတွေ့ရဘူးလို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အစိုးရရှေ့နေတွေက ထွက်ဆိုသွားတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့က ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အစိုးရရှေ့နေတွေရဲ့ထွက်ဆိုချက်တွေဟာ မင်းသားကြီးအတွက် တအားအရေးပါပါတယ်။ အခုတော့ နောက်ဆုံးထွက်ပေါ်လာတဲ့ ထွက်ဆိုချက်တွေအရ မင်းသားကြီးစတောလုန်းအပေါ် စွပ်စွဲထားတဲ့ ကိစ္စတွေ အကုန်ပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။

ပြဿနာရဲ့အစကတော့ စတောလုန်းရဲ့ လိင်မှုဆိုင်ရာ ကိုယ်ထိလက် ရောက်ကျူးလွန်မှုကို ၁၉ဝဝ ပြည့်နှစ်ဆီမှာတုန်းက ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ စွပ်စွဲချက်တစ်ခုက ၂ဝ၁၇ ခုနှစ်ဆီတုန်းက မမျှော်လင့်ဘဲ ထွက်ပေါ်လာရာကစခဲ့တဲ့ အမှုဖြစ်ပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မင်းသားကြီးကတော့ ဒါဟာ သေသေချာချာဇာတ်လမ်းဆင်ပြီး အကွက်ကျကျ လုပ်ကြံခဲ့တာလို့ ပြောပါတယ်။

စွပ်စွဲတဲ့အမျိုးသမီးရဲ့ ပြောဆိုတင်ပြချက်တွေထဲမှာ သူနဲ့မင်းသားကြီးဟာ ၁၉၈၇ ခုနှစ်ကာလတွေ ဆီတုန်းက ဘယ်သူမှ မသိလိုက်တဲ့ ဆက်ဆံရေးတွေရှိခဲ့ဖူးတယ်လို့ ပြောပါတယ်။ သူ့ဘက်မှာခိုင်လုံတဲ့ သက်သေတွေရှိတယ်လို့လည်း ပြောကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြဿနာကို လက်တွေ့ရင်ဆိုင်ဖြေရှင်းခဲ့ကြရာမှာတော့ အဲဒီအမျိုးသမီးဘက်က လိုက်ခဲ့တဲ့ သက်သေ တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ တရားရုံးရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေကတော့ အမှုနဲ့ပတ်သက်ပြီး အလုံးစုံ စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ပြီးပါပြီ။ ဒါပေမဲ့ စွပ်စွဲသူဘက်က ကူညီထွက်ဆိုပေးမယ့်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါဘူးလို့ ဖော်ပြထားပါတယ်။

Ref: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here