အမာခံပရိသတ်စစ်စစ်တွေပဲကျန်ခဲ့တယ်လို့ ယူဆတဲ့ ရွှေထူး

0
253

လက်ရှိမှာ အနုပညာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ခွဲခြားပြီး ရှေ့ဆက်နေပါတယ်လို့ ရွှေထူးက ဆိုပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့ ကိုယ်ရေးကိုယ်တာကို ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း အားပေးတဲ့ အမာခံပရိသတ် စစ်စစ်တွေကြောင့် ရွှေထူးအနေနဲ့ စိတ်သက်သာရာ ရခဲ့ပါတယ်။ အနု ပညာခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ ကိုယ်ရေးကိုယ်တာနဲ့ အနုပညာ ရောထွေးခဲ့တာတွေ ရှိခဲ့ဖူးလားလို့ဆိုတော့ …

”ရှိခဲ့ဖူးတယ်။ အရင်တုန်းကပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်၊ နှစ်နှစ်လောက်တုန်းက ထားပါ တော့ဗျာ။ Personal မှာ စိတ်ညစ်ရင် ဒီအလုပ်ကို မလုပ်ချင်တော့တာတို့၊ ဒီပွဲကြီးကို မသွားချင် တော့တာတို့ လူငယ်ဆိုတော့ ဖြစ်တာပေါ့နော်။ ဒါပေမဲ့လည်း ကိုယ်က Professional လုပ်တာ ဆိုတော့ ဏနသ်နျငသညေူ ဆန်ဆန်လေးတော့ တွေးရမှာပေါ့နော်။ ကိုယ့်ဘာသာကိုယ် Personal မှာ ဘယ်လောက်စိတ်ညစ်စရာရှိရှိ အိမ်ကိစ္စပဲဖြစ်ဖြစ်၊ သူငယ်ချင်းကိစ္စပဲဖြစ်ဖြစ်၊ ရည်းစားသနာ ကိစ္စပဲဖြစ်ဖြစ် စိတ်ညစ်စရာရှိရင်လည်း အလုပ်မှာတော့ အလုပ်လိုပဲ သွားရတာပေါ့” လို့ ရွှေထူးက ပြောပြပါတယ်။ ရွှေထူးကို လက်ရှိအချိန်အထိ အားပေးကြတဲ့ပရိသတ်တွေက အမာခံပရိသတ်တွေ လို့ ဆိုနိုင်မလားလို့ဆိုတော့ …

”အမာခံစစ်စစ်တွေ ကျန်ခဲ့တယ်လို့ ကျွန်တော်ကတော့ ပိုပြီးတော့ ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုတလောကဆိုရင် အသစ်ထွက်တဲ့ ‘You Can Never Stop’ ဆိုတဲ့ သီချင်းဆိုလို့ရှိရင် ကျွန်တော် ဆိုနေကျ ပုံစံမဟုတ်ဘူးလေ။ ကျွန်တော့်ကို ဆဲကြတယ်။ ပြောကြတယ်။ ဟိုးအရင်တုန်း က X.Box နဲ့ No.1 ထွက်သလိုပေါ့။ ‘မမျှော်လင့်တော့ပါဘူး’ပဲ ဆိုပါ။ ‘တံခါးဖွင့်ထားပါတယ်’ ပဲ ဆိုပါ။ အဲဒီလိုမဟုတ်ဘူးလေ။ ကျွန်တော့်ဘဝမှာ အဲဒါမျိုးတွေချည်းပဲ သီချင်းပေါင်း အပုဒ် ၂ဝဝ လောက်ဆိုခဲ့ပြီးပြီ။ တော်တော်များများ ဒီ Chord တွေချည်းပဲလို့ပြောတဲ့ အထိဆိုခဲ့ပြီးပြီ။ ဆိုတော့ အဲဒါတွေနဲ့ မတူတဲ့ပုံစံတွေလည်း ကျွန်တော်ဆိုမယ်။ တကယ်ကြိုက်တဲ့ပရိသတ်တွေက ဒါမျိုးတွေပါ လိုက်နားထောင်ပြီးတော့ အားပေးလိမ့်မယ်။ မကြိုက်ရင် မကြိုက်ဘူး။ ကြိုက်ရင်ကြိုက် တယ်။ ကိုရွှေထူး ဒီလိုပုံစံတော့မကြိုက်ဘူး။ နောက်တစ်ခါကျရင် ဒီ့ထက်မိုက်တာလေး လုပ်ပေး။ အနုပညာနဲ့ ပတ်သက်လို့ ကြိုက်တဲ့ပုံစံလုပ်။ ကြိုက် ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး။ အဲဒီလိုမျိုး အားပေးတဲ့ပရိသတ်တွေကြောင့် ကျွန်တော်ကျေနပ်တယ်” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here