သီတင်းကျွတ်မှာ မစွံသေးဘူးလားလို့ဆိုတဲ့ မေးခွန်းအတွက်ရဲ့ အဖြေစကား

0
228

တေးရေး ဝေကြီးရေးပြီး ဖြိုးပြည့်စုံနဲ့ ဂျူဝယ်တို့သီဆိုထားတဲ့ ‘မောင်အရင်ထိုး’ သီချင်းလိုပေါ့။ ဝါကျွတ်လို့ စွံသွားကြတဲ့ စုံတွဲတွေမြင်တဲ့အခါ အားကျမိသလား၊ ဒီနှစ်ကော စွံပြီလား၊ ဘယ်တော့စားရမှာ လဲဆိုတဲ့ မေးခွန်းတွေကို ဖြိုးပြည့်စုံနဲ့ သီတင်းကျွတ်အခါသမယမှာ တွေ့တုန်း မေးဖြစ်တော့ –

”အမှန်တကယ်တော့ အစ်ကိုတို့ရဲ့ စတိတ်ကျောင်းက ဘော်ဒါတွေထဲမှာရော၊ ဆေးကျောင်းက ဘော်ဒါ တွေထဲမှာရော တော်တော်များများက အိမ်ထောင်တွေကျပြီ။ ကလေးတွေတောင် ရနေကြပြီ။ အိမ်ထောင် မကျသေးတာဆိုလို့ အဆိုတော်တွေထဲက ဘော်ဒါတွေပဲရှိတော့တယ်။ ဘဝတူတွေပေါ့နော်။ အဆိုတော် ဘော်ဒါတွေကတော့ အိမ်ထောင်မကျသေးဘူး။ သူတို့ကိုလည်းကြည့်ပြီး ပီတိဖြစ်တာပေါ့နော်။ ဘာပဲပြောပြော တည်ငြိမ်သွားပြီလေ။ ဘယ်လောက်ပဲ လောကဓံမှာ ပူလောင်တယ်ပြောပြော မိသားစုလေး ရလာတဲ့အခါမှာ ပြည့်စုံမှုတစ်ခုနဲ့ နေ့တိုင်းရှင်သန်နေရမယ်လို့ ယုံကြည်ပါတယ်။ အစ်ကိုတို့ကတော့ ရွေးချယ်မှုက ကံတရားဆိုတဲ့ အတိုင်းပဲ အစ်ကိုတို့ရွေးချယ်တဲ့ သီချင်းတွေအပေါ်မှာပဲ ထပ်လုပ်ချင်နေသေးတယ်။ ပရိသတ်ကို သီချင်းအသစ် လေးတွေ မျှဝေပေးချင်နေသေးတယ်။ အဲဒီဘက်ကိုပဲ အချိန်ပေးပြီး ကြိုးစားဖြစ်နေသေးတဲ့အခါ ညီလေး မေးတဲ့ မေးခွန်းတွေ အမေးခံနေရတုန်းပါပဲ” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here