ဆေးလိပ်သောက်တတ်အောင် လေ့ကျင့်ရင်း ဆေးလိပ်တကယ်စွဲခဲ့သလားပိုင်ဖြိုးသု

0
253

မီဟာလှပတယ်။ နုပျိုတယ်။ ချစ်ဖို့လည်းကောင်းတယ်။ ယောက်ျားတိုင်းကြိုက်တဲ့ နှင်းဆီပွင့်လေးဆိုရင်လည်း မမှားဘူး။ နှင်းဆီ လိုပဲလှပသလောက် သူ့မှာဆူးတွေနဲ့ ကာရံထားတယ်။ ဆူးထိမိတဲ့ ယောက်ျား တွေကတော့ နင့်ခနဲခံစားရတော့တာပေါ့။ လှပသလို ဥာဏ်ကလည်း သွက်တယ်။ မီကလျှို့ဝှက်မှုတွေများတဲ့ မိန်းမပျိုလေး တစ်ဦးဆိုရင်လည်း ဟုတ်တယ်။

သူနဲ့တွဲခဲ့တဲ့ ယောက်ျားတိုင်းကို သူ့ရဲ့အကြောင်းအရာမတူတဲ့ နောက်ကြောင်းပုံပြင်တွေကို ပြောပြလေ့ရှိတယ်။ မီက သူ့ကိုယ်သူ မသေသေအောင်အရွဲ့တိုက်ပြီး ဆေးလိပ်ကိုလက်ဖျားက မချ တတ်သူ။

မီလာပြီဆိုရင် ဆေးလိပ်ငွေ့ တွေက မီရဲ့ လှပကျော့ ရှင်းတဲ့ မျက်နှာလေးနားမှာ ရစ်သီရစ်သီနဲ့ တွဲပါလာတယ်။ အဲဒါ မီရဲ့အမှတ်သင်္ကေတပေါ့။ ‘မီ’ရုပ်ရှင် ဇာတ်ကားမှာ အဲဒီကာရိုက်တာကို သရုပ်ဆောင်တဲ့ အခါ ပီပြင်ဖို့ အတွက် ဆေးလိပ်သောက်လေ့ကျင့်ခဲ့ရတဲ့အကြောင်းတွေ ကို ပိုင်ဖြိုး သုက အခုလိုပြောပါတယ်။

”တကယ်တော့ မီက ဆေးလိပ်တွေ သူများထက် ပိုသောက်နေတယ်ဆိုတာ တမင်သေချင် လို့ကိုရွဲ့ပြီး တော့သောက်နေတာဖြစ်တယ်။ ဇာတ်လမ်းထဲက Plotတစ်ခုမှာ လည်းပါတယ်။ ဆရာဝန်က မီကိုပြောတယ်။ ဆေးလိပ်ဖြတ် မဖြတ် ရင်တော့ သေမှာပဲဆိုတာပေါ့။ တကယ်တော့ မီက သေချင်လို့ ကို တမင်ရွဲ့ပြီးဆေးလိပ်တွေ သူများထက် ပိုသောက်နေတဲ့ကာရိုက် တာ မျိုးပေါ့။ အဲဒီတော့ သုကိုယ်တိုင်လည်း ရိုက်ကွင်းပေါ်တွေမှာ ဆေးလိပ်ကို တကယ်သောက်ခဲ့ရတယ်။ ပြီးတော့ သုကိုယ်တိုင်က လည်း ဆေးလိပ်နံ့ မခံနိုင်တဲ့ သူဖြစ်တဲ့အတွက် အတော်ကို ကြိုးစားခဲ့ ပါတယ်။ လက်ထဲမှာဆေးလိပ်ကိုင်တာတွေကို တစ်လအလို လောက် ကတည်းက လေ့ကျင့်ခဲ့တယ်။ ဆေးလိပ်သောက်ရတုန်း ကဆိုရင် မျက်ရည်ပါဝဲတယ်။ သုကိုယ်တိုင်က ဆေးလိပ်သောက်တာကို အား မပေးတဲ့သူပါ။ ကိုယ်တိုင်ကလည်း ဆေးလိပ်ကိုမုန်းတယ်။ ဒါပေမဲ့ ကာရိုက်တာ ပီပြင်အောင် ဆေးလိပ်သောက်တာကို လေ့ကျင့် ခဲ့ တယ်။ ဆေးလိပ်စွဲတာလည်း လုံးဝမရှိခဲ့ပါဘူး”လို့ ပိုင်ဖြိုးသုက ပြောပြခဲ့ပါတယ်။

ထက်လူ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here