‘မီ’ကြောင့် ဂုဏ်ယူစရာတွေကို ပိုင်ဆိုင်ခဲ့ရတဲ့အကယ်ဒမီနေတိုး

0
187

နာမည်ကျော် အကယ်ဒမီဆုရှင် မင်းသားဆိုတဲ့ ဂုဏ်ပုဒ်ဆိုတာ လွယ် လင့်တကူ ရရှိတဲ့ကိစ္စတော့ မဟုတ် ပါဘူး။ နေတိုး သရုပ်ဆောင်ကောင်း တာ၊ ရုပ်ရည်ရူပကာ ချောမောတာ ပရိသတ်တိုင်းအသိ။ အခုလည်း မကြာမီရုံတင်ပြသတော့မယ့် ‘မီ’ ရုပ် ရှင်ဇာတ်ကားမှာ နေတိုးက သော် ဆွေဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်လိုက်ပြန်ပါပြီ။ ‘မီ’ ဝတ္တုက တကယ်တော့ ပါး ပါးလေးပါ။ ပါးပါးလေး ဆိုပေမယ့်လည်း ဝတ္တုအရသာက ရုပ်ရှင်မှာ လည်း တွေ့ရတယ်။ ရိုက်ကူးတဲ့ ဒါ ရိုက်တာကလည်း တော်တယ်။ သရုပ် ဆောင်တွေကလည်း နေတိုးကစလို့ အကုန်လုံးက တော်ကြတယ်။ နေတိုး ပြောတဲ့ ‘မီ’ အကြောင်းကတော့ …


”ပုံမှန်အားဖြင့် ဆိုလို့ရှိရင်တော့ လူတန်းစားမျိုးစုံအတွက် ရည်ရွယ် မထားဘူး လို့တော့ မြင်တယ်ခင်ဗျ။ မီဝတ္တုတောင်မှ ဖတ်နေရင်းနဲ့ ရုပ် ရှင်အဖြစ် ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စိတ်ကူးရှိတဲ့သူလည်း ရှိသေး တယ်ဆိုတော့ မီ နဲ့ပတ်သက်ပြီး ကျွန် တော့်အနေနဲ့ကတော့ တကယ်ကို ထူးခြားတဲ့ဇာတ်ကားတစ်ကား၊ ကြည့် ရခဲတဲ့ ဇာတ်ကားတစ်ကားလို့ မြင်ပါ တယ်။ ဒီလိုထူးခြားတဲ့ ဇာတ်ကားတစ် ကားကို ကျွန်တော်တို့က ရုပ်ရှင်အဖြစ် မြင်တွေ့ရတဲ့ခေတ်တစ်ခုကို တကယ်ရောက်အောင် ပို့နိုင်တယ် ဆိုကတည်းကိုက ဒါသည် ဂုဏ်ယူစရာကောင်းတယ်လို့တော့ မြင်ပါ တယ်။ မြန်မာ့ရုပ်ရှင်အတွက်လည်း ဒီဇာတ်ကားကအမြဲတမ်းဂုဏ်ယူစရာ ကောင်းနေမယ်။ ကျွန်တော့်ဘဝမှာ လည်း ဒီဇာတ်ကား လေးက Classic Movie ထဲမှာမှ တကယ်ကို သေသေ သပ်သပ်နဲ့ စိတ်ကျေကျေနပ်နပ် ရိုက်ခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ တော့ ကျွန်တော်ပြောချင်ပါတယ်”လို့ သူက ပြောပြ ပါတယ်။


‘မီ’ထဲက နေတိုးရဲ့ ဆံပင်ပုံစံ၊ ဝတ်ပုံစားပုံတွေကလည်း တကယ့်ကို ၁၉၅ဝ ခေတ်ကို ပြန်ရောက်သွားတဲ့ အတိုင်းပါပဲ။ ‘မီ’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ ဏကြီး အပေါ်နေတိုးရဲ့ အမြင်က …

”အဓိကကတော့ ဒါရိုက်တာ တစ်ယောက်ဆိုတာ ဝတ္တုကို မီပြီး တော့ ရုပ်ရှင်ကို တည်ဆောက်ရတယ်ဆိုတော့ သူသည် တစ်ရာ ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ မီနဲ့ ပတ်သက်ပြီးတော့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက် ကို အားထည့်ထားတာလည်း တွေ့ ရ တယ်။ ပြီးတော့ ဒီဝတ္တုကို သူရိုက် ရဲတဲ့သတ္တိပေါ့။ အဓိကကတော့ ဒီလို အချိန်အခါမျိုးမှာ ဒီလိုရိုက်ရဲတဲ့ သတ္တိကိုလည်း ချီးကျူးတယ်ပေါ့နော်။ နောက်တစ်ခုက သူဝတ္တုအရသာကို မပျက်အောင်၊ မီရဲ့ ဇာတ်ကောင်ကို လည်း ပရိသတ်ကျေနပ်အောင် ရိုက် နိုင်တဲ့ ဒါရိုက်တာတစ်ယောက်လို့ တော့ မြင်ပါတယ်”လို့ နေတိုးကပြော ပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here