အမျိုးသားစာပေဆုကို ‘စိမ့်စမ်း ရေကြည်’ ကဗျာပေါင်းချုပ် စာအုပ် ဖြင့် ရရှိခဲ့သော စာရေးဆရာ မောင် နီဝင်း (ပခုက္ကူ) ခံစားရေးဖွဲ့ပြီး မဟေ သီ၊ ငွေတာရီ၊ စစ်ပြန်၊ မြဝတီ၊ က လျာ၊ Health For All စသည့် မဂ္ဂ ဇင်းများတွင် ပုံနှိပ်ထည့်သွင်းဖော်ပြ ခံရသည့် ဝတ္တုတို ၁၆ ပုဒ် စုစည်း ထုတ်ဝေခြင်းဖြစ်သည်။ ဝတ္တုတိုများ သည် လူမှုဘဝသရုပ်ဖော်ထားပြီး ဤ လောက ဤကမ္ဘာ ဤလူသားဘဝ အမှန်သိ သတိဆင်ကြံ့ကြံ့ခံ ရင်ဆိုင် ဖြတ်သန်းကျော်လွှားနိုင်ရန် ခွန်အား စိတ်သတ္တိများ မွေးဖွားတတ်ကြစေရ အောင် မေတ္တာတရား သစ္စာတရား ကရုဏာတရားများ လူသားတို့၏ စိတ်နှလုံးသားထဲ၌ မွေးဖွားစေရန် ရည်သန်ရေးဖွဲ့ထားပါသည်။
အမျိုး သားစာပေဆုရှင် ဆရာ မောင်နီဝင်း (ပခုက္ကူ)၏ ဝတ္တုတိုများကို ဖတ်ရှုပြီး ရသခံစားမှုကနေ ဆင့်ပွားခံစားမှု လူ မှုအသိတရားများ စာဖတ်သူတို့ စိတ် နှလုံးသားထဲ၌ သန္ဓေတည်ကိန်း အောင်းလာစေမည်ဖြစ်ပြီး လူမှုဘဝ အနှစ်သာရ ကမ္ဘာလောကအနှစ်သာ ရများ ကိုယ်တိုင်သိမြင်နိုင်စေမည် ဖြစ်သလို လူ့လောက မာယာ လူ့ လောက လှည့်စားမှုများလည်း ရှောင်ကြဉ်နိုင်မည် ဖြစ်ပါသည်။ ကြိုး ဆွဲ၊ ဘဝနှင့် အလှ၊ ကျေးစုပ်သူ၊ မြွေ ပွေးနှင့် ဓားဖျံတို့ အကြောင်းနှင့် အလှဟူသည် ဝတ္တုတိုများသည် စာရေးသူ၏ ဝတ္တုတို ရသပညာ ခန်းပေါ်လွင်မြင်သာစေသည်ကို စာ ဖတ်သူများ ဖတ်ရှုခံစား သိမြင်စေ မည် ဖြစ်သည်။
စာအုပ်ခေါင်းစီးဖြစ်သည့် စံ ကားဝါအမည်ရှိဝတ္တုတိုတွင် စံကား ဝါနာမည်နှင့်ကလေးမလေးဘဝ အ ကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်သာစေအောင် ရေးဖွဲ့တင်ပြထား သော”သည်နေရာ နဂါးကြီးနှစ်ကောင် ၏ ခြေရင်းဝယ် ကောင်မလေးတစ် ယောက် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိဘဲ ငုတ်တုတ်ထိုင်နေသည်။
သည်ကောင်မလေးသည်ကား စံကားဝါဖြစ်လေသည်။
စံကားဝါ တစ်ယောက်တည်း ပင် ဖြစ်လင့်ကစား နဂါးကြီးနှစ် ကောင်ကို ကြောက်ရွံ့ထိတ်လန့်ခြင်း အလျဉ်းမရှိ။ သည်နေရာမှာ နေ့စဉ် ထိုင်နေကျမို့ နဂါးကြီးနှစ်ကောင်နှင့် စံကားဝါ ရင်းနှီးနေသည်။
စံကားဝါသည် ကတ္တရာလမ်းမ ကြီးတစ်လျှောက် လှမ်းမျှော်ငေးကြည့် နေသည်”ဟူသည့် အရေးအဖွဲ့သည် ကား ဝတ္တုတို အတတ်ပညာဖြစ်သော ဇာတ်ကောင် ရုပ်ပုံလွှာပေါ်လွင် အောင် ဇာတ်လမ်းဇာတ်ကွက်အချိတ် အဆက်မိမိ ကျစ်လျစ်သိပ်သည်းစွာ ရေးသားထားပုံက အနုပညာ မှန်ကူ ကွဲ့ သဘောဆောင် ရေးသားတင်ပြ ထားကြောင်း မြင်တွေ့ရသည်။ ရှင်မ တောင်စာပေမှ ထုတ်ဝေဖြန့်ချိပြီး တန်ဖိုးကျပ် ၂ဝဝဝ ဖြစ်သည်။