ထူးထူးခြားခြား မင်းသမီး ဆာရာအလီခန်းရဲ့ ဇာတ်ကားနှစ်ကား ဒီဇင်ဘာ တစ်လတည်း ရုံတင်ပြသဖို့ ပြင်ဆင်

0
204

ဘောလိဝုဒ်ရဲ့ ထူးထူးခြားခြား အားပြိုင်မှုလို့ ဆိုရမယ့်လတစ်လထဲမှာ မင်းသမီး တစ်ယောက်တည်းရဲ့ ဇာတ်ကားနှစ်ကား အပြိုင်ရုံတင်တော့မှာဖြစ်လို့ ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။ ဒါမျိုးတွေက ကြုံတောင့်ကြုံခဲလို့လည်း ပြောဆိုနေကြပါတယ်။ အကြောင်းက မင်းသမီး ချောဆာရာအလီခန်းရဲ့ “Kedarnath” လို့ အမည်ရတဲ့ ဇာတ်ကားသစ်ကို လာမယ့်ဒီဇင်ဘာလ ၇ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဟင်ဒီစကားပြော ဇာတ်ကားကို ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖြစ် တာဝန်ယူ လုပ်ကိုင်ထားတဲ့ သူကတော့ အက်ဘီရှက်ကပူးလ် ဖြစ်ပြီး၊ တေးဂီတကိုတော့ အာမစ်ထရီဗေဒီနဲ့ မင်းသမီး ဆာရာအလီခန်း၊ မင်းသား ဆင်းရာခ်ျပွတ်တို့ ပူးပေါင်းအားဖြည့် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းသမီးဆာရာက သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ”ကြွေကွဲစရာပဲဖြစ်ဖြစ်၊ နာကျင်စေအောင်ပဲဖြစ်ဖြစ် ဒါတွေအားလုံး အပါအဝင် အချစ်ရဲ့ စွမ်းအင်တွေကို ဘယ်ဘုရားသခင်ကမှ ဖျက်ဆီးပစ်လို့ မရပါဘူး”လို့ ရေးသားထားပါတယ်။ တစ်လတည်းမှာပဲ အပြိုင်ရုံတင်မယ့် မင်းသမီးဆာရာရဲ့ နောက်တစ်ကားက “Simmba” ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရုံတင်မယ့် တမီလ်စကားပြော ဇာတ်လမ်းမျိုး ရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာ ရိုဟစ်ရှက်တီနဲ့ မင်းသားရမ်ဘားဆင်းဂ်တို့ ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Ref: reddif.com


LEAVE A REPLY

Please enter your comment!
Please enter your name here